ဒါရိုက်တာ Satish Kasetty ရိုက်ကူးပြီး မေလ ၂၉ ရက်နေ့က အိန္ဒိယမှာ ရုံတင်ပြသခဲ့တဲ့ တေလူဂူ (Telugu)Drama/Romance/Thriller ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဗန်ကာတာလက်ရှ်မီး ဆိုတဲ့ကျေးလက်တောရွာက မိန်းကလေးတစ်ယောက် ရဲစခန်းကို ရောက်လာပြီး သူ့ရဲ့ ချစ်သူ ဆန်ဂျူး အသတ်ခံလိုက်ရကြောင်း လာရောက်တိုင်တန်းပါတယ်။အဲဒီလူသတ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ စတင်နေစဉ်မှာတော့ အမေရိကန်နိုင်ငံမှ ပြန်လာသူ မာရီချီကာ ဆိုတဲ့လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ယောက် ဆန်ဂျူး ရဲ့ဘဝထဲသို့ရောက်ရှိလာတာကိုသိရပါတော့တယ်။ အဲဒီကနေ သူတို့ သုံးဦးကြားက ပတ်သက်မှုများ၊ ဝှက်ဖဲများနဲ့အတူ လူသတ်မှုနောက်ကွယ်က အမှန်တရားကို စုံစမ်းဖော်ထုတ်ပုံကို စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေနဲ့ ပဟေဠိဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။