ကောလိပ်ကျောင်းသား ဂျော့ပန် ဦးဆောင်ကျင်းပတဲ့ ပွဲတော်တခုမှာဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကြောင့် BCETကောလိပ်မှာ ပွဲလမ်းသဘင် ကျင်းပခွင့်မပြုခဲ့တာနှစ်အတော် ကြာသွားခဲ့ပြီပေါ့။ဂျော့ပန်ရဲ့ညီ ဆမ်ကူတီးတယောက် အဲဒီကောလိပ်ကိုပဲ ရောက်လာပြီးတဲ့နောက်မှာတော့အစ်ကိုဖြစ်သူရဲ့ စိတ်ဒဏ်ရာကို ကုစားပေးဖို့ အစ်ကိုဖြစ်သူ ဦးဆောင်ကျင်းပခဲ့ဖူးတဲ့ပွဲတော်ကိုပဲဖြစ်မြောက်အောင်ကျင်းပဖို့ ကြိုးစားပါတော့တယ်။ကျောင်းအုပ်ချုပ်ရေးပိုင်းနဲ့ စီနီယာတွေရဲ့ အနှောင့်အယှက်တွေကြားကနေပဲတနည်းမဟုတ်တနည်းနဲ့ ပွဲတော်ဖြစ်မြောက်ရေးကို ဆမ်ကူတီးတယောက်အသည်းအသန်ကြိုးစားတဲ့အခါမှာတော့...။