Rowdy Rathore HD

Rowdy Rathore

Action Comedy Crime HD 2012-06-01 5.951 143 Min

အက်ရှင်ဇာတ်ကားကောင်းတွေကိုမှ အလန်းစားကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့ပြီး အင်မတန်အောင်မြင်ခဲ့တဲ့ Bollywood ရဲ့နာမည်ကြီးမင်းသားကြီးအက်ရှေးကူးမား(Akshay Kumar) ရဲ့ရဲရင့်တဲ့ ရဲအရာရှိနဲ့ ခိုးဆိုးလုနှိုက်နေတဲ့ သူခိုး နှစ်ကိုယ်ခွဲဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရှီဗာ ဟာ မွန်ဘိုင်းမြို့ကလက်သွက်ခြေသွက်ရှိတဲ့ ခိုးရာပါပစ္စည်းဝယ်သူ၊ အသေးစားခိုးမှုလေးတွေလုပ်တဲ့ လူလည်တစ်ယောက်ပါ။သူက  ချောချောလှလှကောင်မလေး ပါရို နဲ့ ချစ်ကြိုးသွယ်မိသွားပါတယ်။ ဒါပေမဲ့တစ်နေ့မှာတော့ ရှီဗာ့ဆီကို သူ့ကို ဖခင်လို့ထင်နေတဲ့ ကောင်မလေးတစ်ယောက် ရောက်ရှိလာပြီး ရန်သူတွေကလည်း ရှီဗာ့ကို လိုက်လံလုပ်ကြံပါတော့တယ်။တကယ်တော့ ရှီဗာ့ကို ရန်သူတွေက မှားပြီး လိုက်သ_တ်နေတာပါ။ အဲ့ဒီကလေးမလေးရဲ့ ဖခင်အစစ်ကတော့ ဒေသခံလူမိုက်တွေ၊ အကျင့်ပျက်ခြစားသူတွေကို ပြတ်ပြတ်သားသားနှိမ်နင်းလေ့ရှိတဲ့ ရဲအရာရှိချုပ်  ဗစ်ကရမ်ရာထော   ဖြစ်ပါတယ်။  ဗစ်ကရမ်ရာထောက  ဒေ့ဗ်ဂါ    ရွာကလေးက ရက်စက်လွန်းတဲ့ လူမိုက်ခေါင်းဆောင်  ဘာဂျီရောဝ်   နဲ့ သူ့လူတွေကိုတစ်ယောက်တည်း ရင်ဆိုင်ရင်း ဒဏ်ရာပြင်းထန်စွာရကာ ကွယ်လွန်သွားခဲ့ပါတယ်။ရွာသူရွာသားတွေနဲ့  ဗစ်ကရမ်ရာထော ရဲ့ သမီးလေးကို ကာကွယ်ဖို့အတွက် သူတို့နဲ့ ရုပ်ချင်းတူတဲ့ သူခိုးလေး ရှီဗာတစ်ယောက် ရဲအရာရှိကြီး  ဗစ်ကရမ်ရာထော  နေရာမှာ အစားဝင်ပြီးလူမိုက်တွေကို ဘယ်လိုပညာပေး နှိမ်နင်းမလဲဆိုတာကို အလန်းစား အက်ရှင်၊ အလွဲအချော်ဟာသတွေနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။