Pressure HD

Pressure

History Thriller War HD 2026-05-25 8 100 Min

ဇာတ်လမ်းက ၁၉၄၄ ခုနှစ် ဇွန်လကို အခြေခံထားပါတယ်။ မဟာမိတ်တပ်တွေဟာ နာဇီတွေ သိမ်းပိုက်ထားတဲ့ ဥရောပကို ပြန်လည် ထိုးစစ်ဆင်ဖို့"Operation Overlord" (ဒါမှမဟုတ်) D-Day ဆိုတဲ့ သမိုင်းဝင် စစ်ဆင်ရေးကြီးကို စတင်ဖို့ ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။ ဒီလို အကြီးစား စစ်ဆင်ရေးကြီး အောင်မြင်ဖို့ဆိုတာ အင်္ဂလိပ်ရေလက်ကြားရဲ့ ရာသီဥတု အခြေအနေပေါ်မှာ အများကြီး မူတည်နေပါတယ်။ဒီအချိန်မှာ အမေရိကန် ဗိုလ်ချုပ်ကြီး ဒွိုက် အိုင်ဆင်ဟောင်ဝါ (Brendan Fraser) ဟာ စစ်ဆင်ရေးကို သတ်မှတ်ထားတဲ့အတိုင်း ဆက်လုပ်မလား၊ ရွှေ့ဆိုင်းမလား ဆိုတာကို ဆုံးဖြတ်ဖို့မိုးလေဝသ ပညာရှင် နှစ်ယောက်ရဲ့ အကြံဉာဏ်ကို ရယူရပါတော့တယ်။ စကော့တလန် မိုးလေဝသ ပညာရှင် ကက်ပတိန် ဂျိမ်းစ်စတက်ဂ် (Andrew Scott) က အတ္တလန္တိတ်သမုဒ္ဒရာဘက်ကနေ မုန်တိုင်းကြီး လာနေလို့ စစ်ဆင်ရေးလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ တိတိကျကျ သတိပေးပါတယ်။ ဒါပေမဲ့ အမေရိကန် မိုးလေဝသ ပညာရှင် ကာနယ် အာဗင်ခရစ်ခ် ကတော့ သမိုင်းမှတ်တမ်းတွေအရ ရာသီဥတု သာယာမယ်လို့ ဆန့်ကျင်ဘက် အကြံပြုပြန်ပါတယ်။လူသန်းပေါင်းများစွာရဲ့ အသက်တွေ၊ စစ်ပွဲကြီးတစ်ခုလုံးရဲ့ ကံကြမ္မာဟာ ဒီမိုးလေဝသ ခန့်မှန်းချက်တွေအပေါ်မှာ မူတည်နေတာပါ။ ဗိုလ်ချုပ်ကြီး အိုင်ဆင်ဟောင်ဝါ အနေနဲ့ ဘယ်သူ့စကားကို ယုံကြည်ပြီး ဘယ်လို ဆုံးဖြတ်ချက်ချမလဲ၊ ကက်ပတိန် စတက်ဂ် အနေနဲ့ရော သူ့ရဲ့ ခန့်မှန်းချက်တွေကို အထက်လူကြီးတွေ လက်ခံလာအောင် ဘယ်လို ကြိုးစားမလဲ ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါစစ်တိုက်တဲ့ အခန်းတွေထက် စကားပြောခန်းတွေနဲ့ပဲ ဇာတ်ရှိန်ကို တဖြည်းဖြည်း မြှင့်တင်သွားတာဖြစ်လို့ Band of Brothers တို့၊ Saving Private Ryan တို့လို ကားတွေနဲ့ အရသာ တစ်မျိုးစီ ကွဲထွက်နေပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက် ချရခက်တဲ့ အခြေအနေတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအား (Pressure) တွေကို သေသေချာချာ ရိုက်ပြထားတဲ့ ကားကောင်းလေးမို့ အေးအေးဆေးဆေး ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။