Don't Make Me Bless You HD

Don't Make Me Bless You

Drama HD 2026-04-15 4 78 Min

ဒီဇာတ်လမ်းကတော့ toxic ဖြစ်တဲ့ ဆက်ဆံရေးတစ်ခုမှာ အချစ်ဆိုတဲ့အရာကို ခေါင်းစဉ်တပ်ပြီး ထိန်းချုပ်တာတွေ၊ လှည့်စားတာတွေ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကို ခံနေရတဲ့ဒုက္ခသည်အမျိုးသမီးတွေအတွက် အချိန်မနှောင်းခင် awareness ရဖို့ ရည်ရွယ်ပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်ပြီးတော့ အောင်မြင်တဲ့ အလှပြင်ဆိုင်ပိုင်ရှင် စီးပွားရေးအမျိုးသမီးဖြစ်တဲ့ Raine က မကြာသေးခင်က ထောင်ကထွက်လာတဲ့ Dre နဲ့ချစ်ကြိုက်မိသွားခဲ့တယ်။Dre က သူ့အမှားတွေကို သူသိပြီး ဘဝအသစ်စဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားနေတဲ့ ပြောင်းလဲသွားတဲ့ ယောက်ျားဆိုပြီး Raine က အခွင့်အရေးပေး ချစ်ခဲ့တာပေါ့။ဒါပေမဲ့ Dre ရဲ့ မဖြေရှင်းရသေးတဲ့ အတိတ်က ပြဿနာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေ ပြန်ပေါ်လာတဲ့အခါမှာ‌တော့ Raine အပေါ် ပိုင်ဆိုင်လိုစိတ်ပြင်းပြပြီးအရမ်းထိန်းချုပ်လာတဲ့အခါ Raine တစ်ယောက် သူ့ရဲ့နှလုံးသားနဲ့ ဦးနှောက်ကြား လွန်ဆွဲပြီး သူ့ကိုနစ်မွန်းစေတဲ့ ဆက်ဆံရေးထဲကနေ ကိုယ့်ကိုယ်ကိုယ်ကယ်တင်နိုင်ပါ့မလားဆိုတာကတော့....။