My Favorite Love Story HD

My Favorite Love Story

Romance Science Fiction HD 2025-10-02 7 96 Min

ပိုင်ရှင်နဲ့ ကွဲကွာနေခဲ့တာ ၈ နှစ်တောင် ကြာသွားပြီဖြစ်တဲ့ အကူစက်ရုပ်လေး အိုလီဗာ (Shin Joo-Hyup)...တစ်နေ့မှာ အားသွင်းတုံးပျက်သွားတဲ့ အိမ်နီးချင်း စက်ရုပ်မလေး ကလယ်ရာ (Kang Hye-In) ဆိုသူက အိုလီဗာ့ရဲ့ အခန်းဆီကို အားသွင်းတုံးငှားဖို့ ရောက်လာပါတော့တယ်။ အဲဒီလိုကနေ သိကျွမ်းဖြစ်သွားတဲ့ သူတို့နှစ်ဦးက အိုလီဗာရဲ့ ပိုင်ရှင်ဟောင်း ဂျိမ်းစ် (Yu Jun-Sang) ကို သွားရှာဖို့အတွက် ဂျယ်ဂျူကျွန်းကို ခရီးထွက်ဖြစ်သွားရင်း တစ်ယောက်နဲ့တစ်ယောက် ပိုပိုပြီး ရင်းနှီးလာတဲ့အခါမှာတော့...ခရီးလမ်းတစ်လျှောက်မှာ အိုလီဗာနဲ့ ကလယ်ရာတို့က လူသားအဖြစ် ဟန်ဆောင်ရင်း ဘယ်လို အလွဲလေးတွေ တွေ့ကြုံရမလဲ...အားသွင်းတုံးကနေ အစပြုလာတဲ့ စက်ရုပ်လေး ၂ ရုပ်ကြားက အချစ်ဇာတ်လမ်းကို ချိုမြိန်တဲ့ တေးသွားလေးတွေနဲ့အတူ ခံစားကြည့်ရှုရမှာဖြစ်လို့ တကယ်ကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါပဲနော်။