#VanLife HD

#VanLife

Horror Thriller HD 2025-11-07 8.3 0 Min

ကားလ်ဆင်နဲ့ဗနက်ဆာတို့စုံတွဲဟာ ကားအိုကြီးတစ်စင်းကိုကိုယ်တိုင်ပြင်ဆင်ပြီး မစ္စတာ တင်မ် လို့နာမည်ပေးကာ နိုင်ငံအနှံ့လှည့်လှည်နေတဲ့ ခရီးသွား Content Creator တွေပါ။ဆိုရှယ်မီဒီယာတွေမှာ ပျော်စရာခရီးသွားပုံရိပ်တွေကို ဟန်ဆောင်ပြနေပေမယ့် ဗန်ကားကျဉ်းကျဉ်းလေးထဲမှာ တစ်နှစ်နီးပါး အတူတူပိတ်မိနေတဲ့အခါသူတို့အချင်းချင်းကြား စိတ်ဝမ်းကွဲမှုတွေပြဿနာ ကတောက်ကဆလေးတွေရှိလာပါတယ်။အဲ့ဒီလိုအခြေအနေမျိုးမှာ လမ်းမှာ ကားပျက်နေတဲ့ စုံတွဲတစ်တွဲနဲ့အမျိုးသမီးတစ်ယောက် အုပ်စုတို့ကိုကူညီဖို့ကြိုးစားရင်း သူတို့နဲ့ရင်းနှီးသွားပြီးတည်းခိုခန်းမှာတစ်ညလိုက်အိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီညမှာပဲတင်းမာနေတဲ့ သူတို့ကြားက ပြဿနာတွေ အဆုံးရောက်ပေါက်ကွဲသွားခဲ့ပြီး ကားလ်ဆင်က စုံတွဲထဲကအမျိုးသမီးနဲ့ကားပေါ်မှာအရက်သောက်ရင်ဖွင့်မိရင်း တစ်ညတာအတူတူဖြတ်သန်းလိုက်မိတဲ့အခါမှာတော့..၊ပုံမှန် Thriller တွေလို သွေးထွက်သံယိုတွေ၊ ထိုးဇာတ်ဆန်လွန်းတဲ့ လှည့်ကွက်တွေကိုအသားပေးထားတာမဟုတ်ပဲဆိုရှယ်မီဒီယာပေါ်မှာအမြင်ကောင်းဖို့ကြိုးစားရင်း အပြင်လောကမှာဘယ်လိုစိတ်ဖိစီးမှုတွေ၊ မွန်းကျပ်မှုတွေပြဿနာတွေကြုံနေကြရလဲဆိုတာတွေ၊ ကိုယ့်ဘ၀တစ်ခုလုံးကို အဆက်မပြတ် အွန်လိုင်းပေါ်တင်နေတဲ့အခါကိုယ့်အပေါ်မကောင်းကြံစည်သူတွေကဘယ်လိုလွယ်လွယ်ကူကူပစ်မှတ်ထားနိုင်လဲဆိုတာတွေကို ကောင်းကောင်းလှစ်ပြထားပါတယ်။ အခုနောက်ပိုင်းတွေ့ရခဲတဲ့ Road Movie/Thriler ကောင်းကောင်းတစ်ကားပါပဲ။