The Unhealer HD

The Unhealer

Fantasy Horror Thriller HD 2021-12-02 5.922 94 Min

ကယ်လီဆိုတဲ့လူငယ်လေးဟာ အစားအသောက်မူမမှန်တဲ့ရောဂါ(Pica)ကြောင့်ရော၊ သူ့ဘ၀ရဲ့နိမ့်ပါးမှု၊ လူကြောက်တတ်မှုတွေကြောင့်ပါ ကျောင်းမှာအမြဲတမ်းနှိမ်ချခံနေရတဲ့ကောင်လေးတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ရောဂါကိုကုသပေးဖို့ပျောက်စေဆရာယောင်ယောင် သမားတု တစ်ဦးဖြစ်တဲ့ ဖလူဂါရောက်ရှိလာပြီး သူ့ကိုကုသပေးချိန်မှာအမှားအယွင်းတစ်ခုနဲ့ ဖလူဂါသေဆုံးသွားခဲ့ပြီး ကယ်လီဆီကိုတော့ထူးခြားတဲ့ သဘာ၀လွန်စွမ်းအားတစ်ခုကူးစက်ရရှိသွားပါတော့တယ်။အဲ့ဒီစွမ်းအားကတော့ ဒဏ်ရာမရနိုင်တဲ့အစွမ်းဖြစ်ပြီး တစ်ဖက်လူက သူ့ကိုတိုက်ရိုက်ထိခိုက်နာကျင်အောင်လုပ်တာမှန်သမျှ ကယ်လီဆီကိုသက်ရောက်မှုမရှိပဲကျူးလွန်သူဆီကိုပဲတိုက်ရိုက်ပြန်လည်တုန့်ပြန်သွားတာပါ။ အဲ့ဒီလိုအချိန်မျိုးမှာမှ ကျောင်းက လူမိုက်အဖွဲ့ဟာ ကယ်လီစိတ်ကိုအစွန်းရောက်တွန်းပို့သလိုဖြစ်သွားစေမယ့်လုပ်ရပ်တစ်ခုကိုမိုက်မိုက်မဲမဲကျူးလွန်လိုက်မိတဲ့အခါမှာတော့..။ဒီဇာတ်ကားရဲ့အဓိက ဆွဲဆောင်မှုကတော့ ထူးခြားဆန်းသစ်တဲ့ စွမ်းအင်တည်ဆောက်ပုံဖြစ်ပြီး စူပါမန်းလိုခံနိုင်ရည်ရှိတာမဟုတ်ပဲ "ငါ့ကိုလာထိရင် မင်းပြန်ခံရမယ်"ဆိုတဲ့ကာကွယ်ရေးစွမ်းအားကနေ အားပြိုင်မှုတွေမှာသွေးပျက်စရာလက်နက်တစ်ခုဖြစ်လာတာကို ပီပီပြင်ပြင်ပုံဖော်သွားခဲ့ပါတယ်။ Stephen king ရဲ့နာမည်ကြီး Carrie နဲ့ Firestarterတို့လို ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ဘ၀ကနေ သဘာ၀လွန်စွမ်းအားတွေရလာပြီးစိတ်ဒဏ်ရာတွေပေါက်ကွဲကာလက်စားချေတဲ့ဇာတ်လမ်းမျိုးကိုသဘောကျတဲ့ ပရိသတ်တွေအဖို့ ဒီဇာတ်ကားကလည်း သေချာပေါက်အကြိုက်တွေ့စေမယ့် ကားမျိုးပါ။