The Beach HD

The Beach

Drama Thriller Adventure Romance HD 2000-02-03 6.482 119 Min

ရစ်ချတ် တဖြစ်လည်း လီယိုနာဒိုဟာ ထိုင်းနိုင်ငံကို အလည်ခရီးထွက်လာခဲ့ရာကနေ သူတည်းတဲ့မိုတယ်လေးမှာ အရူးလိုလို စိတ်လွတ်နေတဲ့လူတစ်ယောက်က ဒီပင်မကုန်းမြေနဲ့သိပ်မဝေးတဲ့နေရာမှာ တကယ့်ကို သုခဘုံလို့ တင်စားရတဲ့ လျို့ဝှက်ကျွန်းလေးတစ်ခုရှိကြောင်း တောင်ရောက်မြောက်ရောက် လျှောက်ပြောနေခဲ့ပါတယ်။ဒီလိုနဲ့ အဲဒီဆေးကွဲနေတဲ့ ဘီးကြဲက ရစ်ချတ်ကို မြေပုံပေးခဲ့ပြီး အဲဒီကျွန်းမှာ ဝေါ်ကီးတွေလည်း အလျှံပါယ် ရှိပြီးတော့ တကယ့်ကို သာယာလှပကြောင်း ပရိုမိုးရှင်းတွေ ဆင်းနေခဲ့ပါတော့တယ်။ ဒါကို ယုံတဝက် မယုံတဝက်ဖြစ်နေတဲ့ ရစ်ချတ်ကလည်း တစ်မိုတယ်တည်းမှာ တည်းဖြစ်တဲ့ ပြင်သစ်စုံတွဲကို ပြောပြပြီး သူတို့သုံးဦးသား တကယ်သွားကြည့်ဖို့ ခရီးထွက်ကြပါတော့တယ်။ဒီတော့ ဒီကျွန်းက ပါးစပ်ပြောရာဇဝင်ပဲလား၊ တကယ်ပဲ အပြင်မှာ ရှိလား၊ ရစ်ချတ်တို့သုံးယောက်သား ဒီလျို့ဝှက်ကျွန်းကို ဘယ်လိုများ ရှာဖွေကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။