Jackie (Jennifer Lopez) ဟာ Air Cruz ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီတစ်ခုရဲ့ CEO ပါ။ သူက အလုပ်ကို အရမ်းဖိလုပ်တတ်တဲ့သူဖြစ်သလို သူ့ကုမ္ပဏီထဲက ဝန်ထမ်းတွေရုံးတွင်းရည်းစားမထားရဆိုတဲ့ စည်းကမ်းကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတဲ့ ဘော့စ်ကြီးပေါ့။တစ်နေ့တော့ ကုမ္ပဏီကို ရှေ့နေအသစ် Daniel (Brett Goldstein) ရောက်လာပါရော။ Daniel က အလုပ်လည်းတော်သလို အရမ်းလည်း ဆွဲဆောင်မှုရှိနေတော့ ဘော့စ်ကြီး Jackieတစ်ယောက် သူ့ချမှတ်ထားတဲ့ စည်းကမ်းတွေကိုသူပဲ ပြန်ချိုးဖောက်ပြီး Daniel နဲ့ ငြိစွန်းသွားပါတော့တယ်။ ရုံးမှာ တခြားသူတွေ မရိပ်မိအောင် ခိုးကြောင်ခိုးဝှက်တွဲရတဲ့ အလွဲလေးတွေ၊အချစ်ရေးနဲ့ အလုပ်အကိုင်ကြားက ရုန်းကန်ရမှုတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။ဒီကားကို Ticket to Paradise (2022) ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ol Parker က ရိုက်ကူးထားတာပါ။ J.Lo ရဲ့ ခပ်တည်တည် စီးပွားရေးလုပ်ငန်းရှင်ပုံစံနဲ့ Brett Goldstein ရဲ့ ဗြိတိန်စတိုင်အေးအေးဆေးဆေးနဲ့ အရွှန်းဖောက်တတ်တဲ့ ကာရိုက်တာ နှစ်ခုကြားမှာ တော်တော်လေး ကြည့်ကောင်းတယ်။ရုံးတွင်းအချစ်ဇာတ်လမ်း (Workplace romance) တွေကိုမှ သဘောကျတဲ့သူတွေ၊ ခေါင်းစားစရာမလိုဘဲ ပေါ့ပေါ့ပါးပါး ရယ်ရပြုံးရမယ့် Rom-Com ဇာတ်ကားကောင်းလေး တစ်ကားရှာကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် ဇာတ်ကားလေးပါပဲ။