ကာတာဆိုတဲ့ လူမည်းကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ဆယ်ကျော်သက်ဘဝမှာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ချင်ရာလုပ်တတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ တစ်နေ့ ၁၈ နှစ်ပြည့်တဲ့အချိန်မှာ သူ့အဖေက သူ့ကိုအလုပ်တစ်ခုရှာရင်ရှာ မရှာနိုင်ရင် အိမ်ပေါ်ကဆင်းဖို့ဆိုပြီး ဖိအားပေးလာပါတယ်။ ဒီလိုနဲ့ အခွင့်အရေးတွေလိုအပ်နေတဲ့လူငယ်လေးကို သူ့ဘော့စ်ကနေ ဖိအားများတဲ့ အလုပ်ကြီးတွေပုံပေးလိုက်တဲ့အခါမှာ ဘယ်လိုမျိုး ဟာသဆန်ဆန် တလွဲတွေနဲ့ အလုပ်ပြီးအောင်လုပ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။