ဗန်နီဆာ၊ ဖေး၊ ဂလန်နဲ့ ဂျက်ခ်တို့အပါအဝင် လူတစ်စုဟာ နာမည်တောင်မပေးရသေးတဲ့ အင်ဒီဟော်ရာ ရုပ်ရှင်ကားတစ်ကားအတွက် လူရွေးပွဲလာဝင်ကြပါတယ်။ လူရွေးပွဲကို လူသူမနီးတဲ့နေရာတစ်ခုက အဆောက်အအုံကြီးတစ်လုံးမှာလုပ်တာဖြစ်ပြီး သူတို့ရောက်လာချိန်မှာတော့ ကိစ္စတွေ မပြတ်သေးလို့ ခဏစောင့်ခိုင်းထားတဲ့အတွက်တစ်နေရာမှာထိုင်စောင့်ရင်းစကားစမြည်ပြော မိတ်ဆက်ဖြစ်ကြပါတယ်။ အဲ့ဒီလိုနဲ့ အချိန်ကြာသထက်ကြာလာချိန်မှာ ပျင်းလာကြပြီး လမ်းထလျှောက်တဲ့သူလျှောက်၊ အပေါ့သွားတဲ့သူ သွား သွားကြပေမယ့် ထွက်သွားကြတဲ့သူတွေ တစ်ယောက်မှပြန်ရောက်မလာချိန်မှာတော့ သူတို့ဟာ သင်္ကာမကင်းဖြစ်စပြုလာပြီး စူးစမ်းမိချိန်မှာ အခြေအနေမှန်ကိုသိလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ ဒီအဆောက်အအုံကြီးကို ကျွမ်းကျွမ်းကျင်ကျင်သိထားတဲ့ မျက်နှာဖုံးစွပ် လူတစ်စုဟာ ပြိုင်ပွဲဝင် မှန်သမျှကို ရက်ရက်စက်စက်သတ်ဖြတ်နေတယ်ဆိုတာပါပဲ။ ဒီလူတွေက ဘယ်သူတွေလဲ?အခုလို လူလိုက်သတ်နေတာ ဘယ်လိုအကြံအစည်မျိုးလဲ? ဘာကြောင့်လဲ? ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။