$POSITIONS HD

$POSITIONS

Comedy Thriller HD 2025-03-08 7 97 Min

တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အလုပ်သမား Mike Alvarado က ခရစ်ပတိုကာရန်စီကို စွဲလမ်းနေတဲ့သူဖြစ်ပြီးတော့ ခရစ်ပတိုလုပ်ငန်းနဲ့ သူ့မိသားစုကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်မယ်လို့စိတ်ကူးယဉ်နေတဲ့သူပဲ ဖြစ်ပါတယ်။ သူက သူ့မိသားစုဖြစ်တဲ့ မသန်မစွမ်းဖြစ်နေတဲ့ သူ့ညီလေး၊ ဆေးစွဲနေတဲ့ အစ်ကိုဝမ်းကွဲနဲ့ အရက်သမားအဖေကို မွဲနေတဲ့ကြားက ပြုစုစောင့်ရှောက်ပေးနေရတဲ့သူပေါ့။တစ်နေ့မှာ သူ့ရဲ့ crypto wallet က ဒေါ်လာသုံးသောင်းအထိ ထိုးတက်သွားတဲ့အခါမှာတော့ Mike တစ်ယောက် သူဌေးဖြစ်ပြီဟေ့ ဆိုပြီး အလုပ်ကတန်းထွက်၊ သူ့ရည်းစားကိုလည်း openrelationship လုပ်ကြမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ဒီလိုနဲ့ ခရစ်ပတိုကို အယုံအကြည်လွန် စွဲလမ်းနေတဲ့ Mike တစ်ယောက် သံသရာလည်နေတဲ့ ဆုံးဖြတ်ချက်အမှားတွေ၊ အလွဲတွေပေါင်းများစွာနဲ့ သူနဲ့ သူ့မိသားစုကို ဘယ်လိုထောက်ပံ့ဖို့ကြိုးစားမလဲဆိုတာကို ဒီဟာသဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦးခင်ဗျာ။