ဇာတ်လမ်းကတော့ စိတ်ဒဏ်ရာတွေ ပြည့်နှက်နေခဲ့တဲ့ ကလေးဘဝ ကနေ ဝေးရာကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ Marion ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးအကြောင်း ဖြစ်ပါတယ်။အချိန်တော်တော်ကြာ ခွဲခွာနေခဲ့ပြီးနောက်မှာတော့ Marion ဟာ သူမရဲ့ ဘဝကို ပြန်လည်တည်ဆောက်ဖို့နဲ့ အတိတ်က ပဟေဠိတွေကို အဖြေရှာဖို့အတွက် သူမ စွန့်ခွာသွားခဲ့တဲ့ မိသားစုဆီကိုပြန်လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့ ရည်ရွယ်ချက်က မိသားစုဝင်တွေနဲ့ ပြန်လည်သင့်မြတ်ဖို့ဖြစ်ပေမဲ့... အချိန်ကြာလာတာနဲ့အမျှ အိမ်အဟောင်းကြီးထဲမှာ ဖုံးကွယ်ထားကြတဲ့ မိသားစုတွင်း တင်းမာမှုတွေ၊ မေ့ပစ်ချင်ကြတဲ့အမှန်တရားတွေက တဖြည်းဖြည်းချင်း ပြန်လည်ပေါ်ပေါက်လာပါတော့တယ်။ Marion ဟာ သူမရဲ့ ကွဲကြေပျက်စီးနေတဲ့ အပိုင်းအစတွေကို တစ်ခုချင်းစီ ပြန်လည်ပေါင်းစပ်ရင်း..."လူတစ်ယောက်ဟာ ကိုယ့်ရဲ့ အတိတ်ဆိုးတွေဆီကနေ တကယ်ပဲ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား" ဆိုတာကို ဒါရိုက်တာ Nicolas Keitel ဟာ ရုပ်ရှင်ရဲ့ Vibe ကို ခပ်မှိုင်းမှိုင်း၊ခပ်အေးအေးနဲ့ ပဟေဠိဆန်ဆန် ဖန်တီးထားပါတယ်