Iron Lung HD

Iron Lung

Horror Mystery Science Fiction HD 2026-01-30 7.4 125 Min

"The Quiet Rapture" လို့ခေါ်တဲ့ အဖြစ်အပျက်ကြီးတစ်ခုကြောင့် စကြာဝဠာထဲက ကြယ်တွေ၊ ဂြိုဟ်တွေ အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အာကာသစခန်းတွေပေါ်မှာကျန်ခဲ့တဲ့ လူနည်းစုလေးပဲ အသက်ရှင်ကျန်ရစ်ခဲ့တာပေါ့။ ဆယ်စုနှစ်တွေ ကြာလာတဲ့အခါမှာတော့ လိုအပ်နေတဲ့ သယံဇာတတွေ ရှာဖို့အတွက် "AT-5" လို့ခေါ်တဲ့ လဂြိုဟ်တစ်ခုကို သူတို့တွေ့သွားခဲ့တယ်။ အဲဒီဂြိုဟ်ပေါ်မှာက ရေတွေအစား သွေးတွေနဲ့ ပြည့်နေတဲ့ သွေးပင်လယ်ကြီး ရှိနေတာပါ။အဲဒီ သွေးပင်လယ်ကြီးထဲကို စူးစမ်းလေ့လာဖို့ ဆိုက်မွန် (Simon) လို့ခေါ်တဲ့ အကျဉ်းသားတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။ သူ့ကို "Iron Lung" လို့ နာမည်ပေးထားတဲ့သေးငယ်ကျဉ်းမြောင်းတဲ့ ရေငုပ်သင်္ဘောလေးထဲ ထည့်ပြီး အပြင်ကနေ ဂဟေဆော်ပိတ်လိုက်တယ်။ ရေအောက်ဖိအားကို ခံနိုင်အောင် ပြတင်းပေါက်တွေကိုပါ သံပြားတွေနဲ့ ပိတ်ထားတော့ အပြင်ကို ဘာမှ မမြင်ရဘူး။ အပြင်ကိုမြင်ရဖို့ တစ်ခုတည်းသောနည်းလမ်းက ရေငုပ်သင်္ဘောအပြင်ဘက်မှာ တပ်ထားတဲ့ ကင်မရာအစုတ်လေးနဲ့ ဓာတ်ပုံရိုက်ပြီး ကြည့်ဖို့ပဲ ရှိတော့တယ်ဆိုက်မွန်တစ်ယောက် ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့ ကတိနဲ့ သွေးပင်လယ်ကြီးရဲ့ အောက်ခြေကို ဆင်းသွားခဲ့ရတယ်။ အပြင်ကိုမမြင်ရ၊အသက်ရှူကျပ်လောက်အောင် ကျဉ်းကျပ်နေတဲ့ သင်္ဘောလေးထဲမှာ သူဘာတွေ ဆက်ကြုံတွေ့ရမလဲ၊ သွေးပင်လယ်အောက်မှာ ဘာတွေရှိနေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ပြတင်းပေါက်မရှိတဲ့ ရေငုပ်သင်္ဘောလေးထဲမှာ အပြင်မှာ ဘာရှိနေမှန်းမသိရဘဲ သွားနေရတဲ့ ခံစားချက်ကို သေချာလေး ပုံဖော်ထားနိုင်တယ်။ ဓာတ်ပုံတစ်ချက် ရိုက်လိုက်တိုင်း အပြင်မှာ ဘာများပေါ်လာမလဲဆိုပြီး ကြည့်နေရတဲ့သူပါ ရင်တမမ ဖြစ်နေစေတယ်။ဂိမ်းထဲက အငွေ့အသက်တွေကို ရုပ်ရှင်ထဲမှာပါ အပြည့်အဝရအောင် Markiplier က သေချာလေး ဖန်တီးထားတယ်။ ဂိမ်းကို ဆော့ဖူးတဲ့သူတွေအတွက်ရော၊ မဆော့ဖူးတဲ့သူတွေအတွက်ပါစိတ်ဝင်စားစရာ ကောင်းအောင် တင်ဆက်ထားတယ်။ Jacksepticeye လို နာမည်ကြီး YouTuber တွေပါ ပါဝင်ထားတော့ ပရိသတ်တွေအတွက် ပိုပြီး သဘောကျစရာပါ။ဒါက သူ့ရဲ့ ပထမဆုံး ဒါရိုက်တာလုပ်တဲ့ ဇာတ်ကားရှည်ဖြစ်ပေမဲ့၊ ရိုက်ကူးရေး၊ အသံပိုင်းဆိုင်ရာနဲ့ တင်ဆက်မှုတွေက တော်တော်လေးကို ကောင်းမွန်ပါတယ်။ကြောက်စရာ သရဲတွေ အများကြီးမပါဘဲ ပတ်ဝန်းကျင် အနေအထားနဲ့တင် လူကို ခြောက်ခြားသွားစေမယ့် အသက်ရှူကျပ်စရာ (Psychological/Claustrophobic) Horror ကားမျိုးကိုကြိုက်တယ်ဆိုရင်တော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါ။