ယူဂျောင်းဟာ ချမ်းသာတဲ့မိသားစုကလာပြီး တက္ကသိုလ်ကထိကတစ်ယောက် ဖြစ်ပေမဲ့လည်း အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် ဘဝကို အရမ်းမုန်းတီးပြီး သေကြောင်းကြံစည်ဖို့ ၃ ကြိမ်တိုင်တိုင် ကြိုးစားခဲ့သူ ဖြစ်သလို သူ့မိခင်ကိုလည်း မုန်းတီးနေပြီးတော့ ဘဝမှာ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ အဆုံး အဒေါ်ဖြစ်သူ (သီလရှင်) ရဲ့ တိုက်တွန်းမှုကြောင့် ထောင်ထဲက သေဒဏ်ကျအကျဉ်းသားတွေကို သွားရောက်တွေ့ဆုံတဲ့ အလုပ်ကို ကူညီပေးနေတဲ့သူပါ။ အဲဒီမှာ သူနဲ့ ဆုံတွေ့ခဲ့တာကတော့ ယွန်းဆူလို့ခေါ်တဲ့ အကျဥ်းသားပဲ ဖြစ်ပါတယ်။ယွန်းဆူကတော့ ဆင်းရဲလွန်းလှတဲ့ ဘဝနောက်ခံ၊ စိတ်ဒဏ်ရာတွေနဲ့အတူ လူသတ်မှုကျူးလွန်ခဲ့လို့ ကြိုးပေးခံရမယ့်ရက်ကို စောင့်ဆိုင်းနေရတဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက်ပါ။ ဘဝကို အဆုံးသတ်ချင်နေတဲ့ လူနှစ်ယောက်ဟာ ကြာသပတေးနေ့တိုင်း ထောင်ဝင်စာတွေ့ဆုံခန်းလေးထဲမှာ ဆုံတွေ့ရင်း တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်က နားလည်ပေးလာကြပြီးတော့ တဖြည်းဖြည်းနဲ့ သူတို့ဘဝမှာ ပျော်ရွင်မှုကို ရှာတွေ့လာတဲ့အချိန်မှာ ယွန်းဆူရဲ့ သေဒဏ်စီရင်မယ့်ရက်က နီးကပ်လာတဲ့အခါမှာတော့....