Desert Warrior HD

Desert Warrior

Action Drama History HD 2026-04-23 4.25 126 Min

ဇာတ်လမ်းက ၇ ရာစု အာရေးဗီးယားကျွန်းဆွယ်ကို အခြေခံထားတာပါ။ အဲဒီခေတ်က မျိုးနွယ်စုတွေကြားမှာ အာဏာလုပွဲတွေ၊ စစ်ပွဲတွေ အမြဲဖြစ်နေတဲ့ အချိန်ပေါ့။ ရက်စက်တဲ့ ဧကရာဇ်ကစ်စရာ က ရဲရင့်တဲ့ မင်းသမီးလေး ဟင်ဒ် ကို မယားငယ်အဖြစ် သိမ်းပိုက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မင်းသမီးက လက်မခံဘဲ သူ့အဖေ ဘုရင်ကြီးနဲ့အတူ အဆုံးအစမရှိတဲ့ ကန္တာရထဲကိုထွက်ပြေးပါတော့တယ်။ဧကရာဇ်ကလည်း လက်မလျှော့ဘဲ ကြေးစားသမား ဂျလာဇင်း နဲ့ သူ့ရဲ့ သွေးဆာနေတဲ့ စစ်တပ်ကို လွှတ်ပြီး လိုက်ဖမ်းခိုင်းပါတယ်။ ကန္တာရထဲမှာ ဒုက္ခရောက်နေတဲ့ သူတို့သားအဖဟာနာမည်ကြီး ဓားပြသမား ဟန်ဇာလာ နဲ့ ဆုံတွေ့ပြီး ယုံကြည်အားကိုးခဲ့ရပါတယ်။ဒီကားထဲမှာ မင်းသမီးလေးက ထွက်ပြေးပုန်းရှောင်နေရတဲ့ ဘဝကနေ ရဲရင့်တဲ့ စစ်သည်တော်တစ်ယောက်အဖြစ် ပြောင်းလဲလာတာကို မြင်တွေ့ရမှာပါ။ ပြီးတော့ အချင်းချင်း ကွဲလွဲနေတဲ့မျိုးနွယ်စုတွေကို စည်းရုံးပြီး ဧကရာဇ်ရဲ့ စစ်တပ်ကြီးကို ပြန်လည်ခုခံတိုက်ခိုက်ကြမယ့် ဇီကာ တိုက်ပွဲကြီးနဲ့ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။