Stop! Or My Mom Will Shoot HD

Stop! Or My Mom Will Shoot

Action Comedy HD 1992-02-21 5.33 87 Min

တည်တည်တံ့တံ့ နေတတ်တဲ့ ရဲစုံထောက် ဂျိုး  မှာဆိုရင်  တူတီ ဆိုတဲ့ အမေ တစ်ယောက်ရှိပါတယ်။ တစ်နေ့မှတော့ တူတီဟာ သားဖြစ်သူ ဂျိုး ဆီ အလည်လာရာကနေအသက်အရွယ်ရပြီးသား သားဖြစ်သူကို ကလေးတစ်ယောက်လို သဘောထားပြီး သူ့ရဲ့ အဝတ်အစား၊ အစားအသောက်ကအစ လိုက်လံစီမံပေးတတ်ရုံတင်မက ဂျိုးရဲ့ ချစ်သူလည်းဖြစ်အထက်လူကြီးလည်းဖြစ်တဲ့ ဂွမ် နဲ့ ပတ်သက်ပြီးတော့လည်း ဝင်ရောက်စွက်ဖက်တာကြောင့် ဂျိုးတစ်ယောက် အတော်လေး စိတ်ညစ်ရပါတော့တယ်။တူတီ ဟာ သားဖြစ်သူကို လက်ဆောင်အဖြစ်ပေးဖို့ သေနတ်အသစ်တစ်လက် သွားဝယ်ရာကနေ မတော်တဆ လက်နက်မှောင်ခိုဂိုဏ်းရဲ့ လူသတ်မှုကြီးတစ်ခုကိုမျက်မြင်တွေ့ရှိသွားပါတော့တယ်။ အမှုရဲ့ တစ်ဦးတည်းသော သက်သေဖြစ်လာတဲ့ အမေဖြစ်သူ တူတီဟာ သားဖြစ်သူ ဂျိုးရဲ့ အမှုစုံစမ်းရေးတွေထဲမှာ ဇွတ်အတင်း လိုက်ပါကူညီရင်းရာဇဝတ်ကောင်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါတော့တယ်။ စိတ်တိုလွယ်တဲ့ သားဖြစ်သူ ရဲစုံထောက်နဲ့ အေးဆေးတည်ငြိမ်ပြီး သားကို ကာကွယ်ချင်တဲ့ အမေတို့ သားအမိနှစ်ယောက်လက်နက်မှောင်ခိုဂိုဏ်းကို ဘယ်လိုမျိုး အလွဲပေါင်းများစွာနဲ့ နှိမ်နင်းသွားမလဲဆိုတာကို ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။