Teng's Angel HD

Teng's Angel

Comedy HD 2008-05-01 5.3 85 Min

နှိမ့်ချတတ်ပြီး လူချစ်လူခင်ပေါများတဲ့ ဇာတ်မင်းသားလေး အာကာဖုန်း ဟာ သူ့ရဲ့ ထိုင်းရိုးရာကပွဲအဖွဲ့နဲ့အတူ ရပ်ကွက်ထဲမှာ လိုက်လံဖျော်ဖြေရင်း လူအများရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘဝကို စိတ်ပျက်နေပြီး ဇာတ်မင်းသားတစ်ယောက်လိုမျိုး စပွန်ဆာတွေအများကြီးနဲ့ အောင်မြင်ချင်နေတဲ့ လူ ရှိနေပါတယ်။သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါမှာတော့ ဇာတ်မင်းသားတစ်ယောက် ဖြစ်လာဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာကို သင်ကြားပေးပါတော့တယ်။ဒီ‌တော့ ဇာတ်အဖွဲ‌့တွေရဲ့ စေတနာတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ဘဝရဲ့ စိတ်ပျက်စရာတွေကို ဖျောက်ဖျက်ပြီး ပျော်ရွှင်စရာ ဘဝသစ်တစ်ခုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်သွားမယ်ဆိုတာကို ဟာသဆန်ဆန်လေးကြည့်ရှုရမှာပဲ ဖြစ်ပါတယ်