Golden Boy HD

Golden Boy

Action Drama HD 2025-11-21 5.5 92 Min

အားလပ်ရက်တွေမှာ သွေးသံရဲရဲနဲ့ စိတ်တက်ကြွလှုပ်ရှားမှုတွေပေးမဲ့ ရုပ်ရှင်ကို ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ကို ကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- လွန်ခဲ့တဲ့ ၁၀ နှစ်က လက်ဝှေ့လောကမှာ ကျန်းလိဟာ အောင်မြင်မှုတွေ စတင်ရရှိနေတဲ့ တက်သစ်စ "ရွှေလူသား" တံဆိပ်ရ လက်ဝှေ့သမားဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆတစ်ခုကြောင့်လွတ်လပ်မှုတွေ ဆုံးရှုံးသွားခဲ့ပါတယ်။ ဆယ်နှစ်ကြာပြီးနောက် သူဟာ ထောင်ထဲက ထွက်လာပြီး သူတစ်ခါမှ မတွေ့ဖူးတဲ့ သားဖြစ်သူ ဖန်းယွမ်ကို တွေ့ခဲ့ပါတယ်။ ဖန်းယွမ်အမေရဲ့ အမွေကို ရဖို့ ဖန်းယွမ်နဲ့ အတူတူနေထိုင်ရမှာဖြစ်ပါတယ်။ ကျန်းလိဟာ ဘဝအခက်အခဲတွေကြားမှာ ဘဝကြီးဟာ ဗြောင်းဆန်သွားခဲ့ပြန်ပါတယ်။ သားအဖနှစ်ယောက်ကြားက ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ ကြိုးစားရင်း ကျန်းလိဟာလည်း သူ့ရဲ့ဘဝပေးတာဝန်ကို ပြန်ရှာတွေ့ခဲ့ပါတယ်။ အတိတ်က လက်ဝှေ့ကြိုးဝိုင်းထဲက အရိပ်မည်းတွေကို ရင်ဆိုင်ရင်း လက်ဝှေ့အိပ်မက်နောက်ကို ပြန်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျန်းလိတစ်ယောက် အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မလား...... သားဖြစ်သူနဲ့ ဆက်ဆံရေးရော သင့်မြတ်နိုင်မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်