Ariel HD

Ariel

Drama Fantasy HD 2025-12-25 7 108 Min

ဝီလျံရှိတ်စပီးယား  ရဲ့ နောက်ဆုံးပြဇာတ်ကြီးဖြစ်တဲ့ The Tempest ကို ခေတ်သစ်အမြင်နဲ့ ကဗျာဆန်ဆန် ပြန်လည်အသက်သွင်းထားတဲ့  Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မင်းသမီးတစ်ယောက်ဟာ ပြဇာတ်ကပြဖို့အတွက် ပေါ်တူဂီနိုင်ငံရဲ့ သဘာဝအတိုင်း ဆန်းကြယ်လှပလွန်းတဲ့ အာဇိုးကျွန်းစု ဆီကို ရောက်ရှိလာပုံကနေ စတင်ထားပါတယ်။သူမဟာ ကျွန်းပေါ်မှာ နေထိုင်ရင်းနဲ့... ထူးဆန်းစွာပဲ အဲဒီကျွန်းက ဒေသခံလူတွေဟာ ရှိတ်စပီးယားရဲ့ The Tempest ပြဇာတ်ထဲက ဇာတ်ကောင်တွေနဲ့ တစ်ပုံစံတည်း တူညီနေတာကိုသတိပြုမိလာပါတော့တယ်။တဖြည်းဖြည်းနဲ့ သူမရဲ့ လက်တွေ့ဘဝနဲ့ ပြဇာတ်ထဲက စိတ်ကူးယဉ်ကမ္ဘာတို့ဟာ တစ်ခုနဲ့တစ်ခု ရောထွက်သွားပြီး၊ အနုပညာ ၊ဘဝရှင်သန်မှု နဲ့ စိတ်ကူးစယဉ်မှုတို့ကြားကဆက်နွှယ်မှုတွေကိုရိုက်ပြထားတဲ့ ကဗျာဆန်ဆန်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်