Sleepless City HD

Sleepless City

Drama HD 2025-09-03 6.6 97 Min

စပိန်နိုင်ငံ မက်ဒရစ်မြို့ရဲ့ အောက်ခြေလူတန်းစားဘဝတွေ၊ ရုန်းကန်မှုတွေနဲ့ မိသားစုသံယောဇဉ်ကို ဖြစ်ရပ်မှန်ဆန်ဆန်နဲ့ ရိုက်ပြထားတဲ့ Realist Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။မက်ဒရစ်မြို့ရဲ့ အကြီးမားဆုံး တရားမဝင် ကျူးကျော်တွေ အခြေချနေထိုင်ရာ နယ်မြေကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ မက်ဒရစ်မြို့ရဲ့ အစွန်အဖျားက ဆင်းရဲသားရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေး Toni အကြောင်းပါ။ သူ့ရဲ့ မိသားစုဟာ အမှိုက်ကောက်၊ပစ္စည်းဟောင်းအရောင်းအဝယ်လုပ်ပြီး ဝမ်းရေးကို ခက်ခဲစွာ ဖြေရှင်းနေကြရသူတွေပါ။  တစ်နေ့မှာတော့ သူတို့ရဲ့ အိမ်ကနေ အတင်းအဓမ္မ ဖယ်ရှားခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။Toni ရဲ့ အဘိုးဖြစ်သူကတော့ ဘိုးဘွားပိုင်မြေနဲ့ ရိုးရာဓလေ့တွေကို တန်ဖိုးထားပြီး ဒီနေရာကနေ လုံးဝမထွက်ခွာဘဲ ကြံ့ကြံ့ခံခုခံဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီလို အကျပ်အတည်းတွေကြားမှာညတိုင်း... Toni တစ်ယောက် သူ့ရဲ့ မိသားစု ရှင်သန်နိုင်ရေးအတွက် ရိုးရာအစဉ်အလာတွေနဲ့ လက်တွေ့ဘဝရဲ့ ကြမ်းတမ်းတဲ့ အရှိတရားတွေကြား ဘယ်လိုမျိုး ရုန်းကန်လှုပ်ရှားပြီးဆုံးဖြတ်ချက်တွေ ချသွားမလဲဆိုတာကို ရိုက်ပြထားပါတယ်။