လူမိုက်ဂိုဏ်းချုပ် ဥက္ကဌကြီး ဂျန်ဂျောင်ဂျုံးဟာ အနာဂတ်ကို ရှေးရှုကာ ဂိုဏ်းလုပ်ငန်းကို စွန့်လွှတ်ပြီး သား ၃ ယောက်ဖြစ်တဲ့ ဂျန်အင်ထယ် ၊ ဂျန်ဆော့ထယ်နဲ့ ဂျန်ဂယောင်းထယ်တို့ကိုဂျန်ဆန်းဆောက်လုပ်ရေးလုပ်ငန်းကို ဦးစီးဖို့ စေခိုင်းခဲ့ပါတယ် ...ဘဝတစ်လျှောက်လုံး လက်သီးကို အားကိုးပြုပြီးရှင်သန်လာတဲ့ ညီအစ်ကိုသုံးဖော်ဟာ ဦးနှောက်အသုံးချပြီး စီးပွါးရေးကို ဦးစီးရတဲ့အခါ အခက်ကြုံလာရပါတော့တယ် ..ပိုင်ဆိုင်လိုမှု လောဘကလည်း ရှိတော့ မလုပ်သင့်တာတွေလုပ်မိရင်း ပြဿနာတွေကြုံလာရတဲ့အခါ သူတို့ကျွမ်းကျင်ရာ ဖြေရှင်းကြပုံကို ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားတဲ့အတွက် ..ဝါးလုံးကွဲ ရယ်မော ကြည့်ရှုခံစားရဦးမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် ..