Jetlee FHD

Jetlee

Action Comedy Thriller FHD 2026-05-01 6 132 Min

ဘဏ်လုပ်ငန်းရှင်ကြီး ပရာဂျာပါသီက ဘဏ်ထဲကငွေတွေကို အလွဲသုံးစားလုပ်ပြီး ကွိုင်ဘက်ရင်းနှီးမြှုပ်နှံလိုက်တာ ဒေဝါလီခံရတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ် ဒါကို သူ့အပြစ်ပေါ်မှာစိုးပြီးကြားခံတစ်ယောက်ကို အပြစ်ပုံချ သူကတော့ အစီအစဉ်ချပြီး ကိုယ်လွတ်ရုန်းဖို့ ကြံပါတော့တယ် ပြဿနာက ဒီကစမှာပါ အစီအစဉ် ရေးဆွဲအကောင်အထည်ဖော်ဖို့အတွက်အတော်ဆုံးဆိုတဲ့လူကိုငှားထားတာပါ ဖြစ်ချင်တော့ သူတို့အကောင်အထည်ဖော်မဲ့ လေယာဉ်ပေါ်မှာ လုပ်ကြံရေးသမားက တိုက်ခိုက်ခံရပြီး ပြန်သတိရလာတော့ အတိတ်မေ့သွားပါလေရောဒါ့အပြင် ပရာဂျာပါသီကိုဖမ်းဖို့ လေယာဉ်ပေါ်မှာ အသွင်ယူအေးဂျင့်တစ်ယောက်ပါရှိနေလေတော့ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံရေးသမားလား နိုင်ငံ့အတော်ဆုံးအေးဂျင့်လားဆိုတာဝေခွဲမရတဲ့အပြင် ဘယ်လို ကမောက်ကမတွေနဲ့ အခွီတစ်သိုက်တွေဖြစ်သွားမလဲဆိုတာကိုတော့....။