Miss Match HD

Miss Match

Comedy Drama HD 2026-04-23 8.3 101 Min

ချာဘုံဆူ (Oh Dae-Hwan) ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စီးပွားရေးအရှုံးပေါ် ပြီး အလုပ်ကနေပါ အထုတ်ခံလိုက်ရတဲ့နောက် ဇနီးသည်ဖြစ်သူ ဘန်ဆောင်းဟယ် (Oh Yoona) ပိုင်တဲ့ ကုမ္ပဏီမှာ လက်ထောက်မန်နေဂျာအဖြစ် အလုပ်ဝင်လုပ်နေသူပါ။အိမ်ထောင်ဦးစီးဖြစ်ပေမဲ့လည်း အိမ်မှာရော ကုမ္ပဏီမှာပါ ခေါင်းမဖော်နိုင်ဘဲ နေလာခဲ့ရတဲ့ ဘုံဆူတစ်ယောက် တစ်နေ့ သူငယ်ချင်းနဲ့ အရက်သောက်ပြီးနောက် အိမ်အပြန်လမ်းမှာ လှေကားပေါ်က လိမ့်ကျပြီး အတိတ်မေ့သွားပါတော့တယ်။ တကယ့်ပြဿနာက အခုမှစတာပါ...ဆရာဝန်နဲ့ ပြပြီး မှတ်ဉာဏ်တွေ ပြန်သတိရအောင် ကြိုးပမ်းတဲ့ဖြစ်စဉ်မှာ အထင်လွဲမှားမှုလေး ရှိသွားပြီးဇနီးသည်ကို သမီးလို့ ထင်လိုထင်၊ အဖေကို သားလို့ ထင်လိုထင်နဲ့ ဆက်ဆံရေးတွေ အကုန် ကမောက်ကမ ဖြစ်ကုန်တဲ့အခါမှာတော့... ဘုံဆူတစ်ယောက် ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ရရှိပြီး တစ်ချိန်က ဆက်ဆံရေး ဝေးကွာ‌နေခဲ့တဲ့ မိသားစုဝင်တွေနဲ့ရော ပြန်လည်သင့်မြတ်လာနိုင်ပါ့မလား...အလွဲလေးတွေနဲ့ ရယ်နေရမဲ့အပြင် ဒဏ်ရာပေးတစ်လှည့်၊ နားလည်ပေးမှုတစ်လှည့်နဲ့ မိသားစုဝင်တွေကြားက တဖြည်းဖြည်းချင်းစီ ရင့်ကျက်ပြောင်းလဲလာမှုတွေကလည်း ရသတစ်မျိုး ပေးစွမ်းဦးမှာမို့လို့ အခုပဲ ကြည့်ရှုလိုက်ကြပါဦး။