Unstoppable Family HD

Unstoppable Family

Action Comedy HD 2011-09-07 6 103 Min

မာဖီးယားလောကနေ အနားယူသွားပြီဖြစ်တဲ့ ဟုန်းဒေါ့ဂျာ (Kim Soo Mi) ဟာ အမေ့လက်ရာဆိုတဲ့ စားသောက်ကုန်လုပ်ငန်းစုတစ်ခု တည်ထောင်ပြီး ကိုရီးယားရိုးရာ ဂင်ချီကိုကမ္ဘာတစ်ဝန်းတင်ပို့ရောင်းချနေခဲ့ပါတယ်...တစ်နေ့မှာတော့ ဂျပန်နိုင်ငံဘက်မှာ ဂင်ချီ ရောင်းအား ကျဆင်းနေမှုအကြောင်း ကြားသိကာ လိုက်လံစုံစမ်းရာမှာတော့ ဂင်ချီနည်းတူ ဂင်မူချီဆိုတဲ့ စားသောက်ကုန်အားဂျပန်လူမျိုးပါးစပ်အကြိုက်လိုက်ပြီး ရောင်းချနေမှန်း သိလိုက်ရတဲ့အခါ ..အမေ့လက်ရာလုပ်ငန်းစုရဲ့ ဥက္ကဌကြီး ဟုန်းဒေါ့ဂျာတစ်ယောက် သူမ၏ သား ၃ ယောက်ဖြစ်တဲ့ ဂျန်အင်ဂျယ် (Shin Hyun Joon), ဂျန်ဆော့ဂျယ် (Tak Jae Hoon), ဂျန်ဂယောင်းဂျယ် (ImHyung Joon) တို့နဲ့အတူ သား ၃ ယောက်ရဲ့ လက်ထောက် ဂျုံမြောင် (Jung Joon Ha) ကိုပါ ခေါ်ပြီး ဂျပန်နိုင်ငံဆီ အလုပ်ခရီး ထွက်ခဲ့ပါတော့တယ် .. လေယာဥ်ပေါ်မှာ ဘယ်လို အလွဲလေးတွေနဲ့ ကြုံတွေ့ပြီး အူတက်အောင် ရယ်ရမလဲ .. ဥက္ကဌကြီး ဟုန်းဒေါ့ဂျာက အသက် ၂၂ နှစ်မှ စပြီး ပြည်ထွက်ခွင့်ပိတ်ပင်ခံထားရတဲ့သူ ဖြစ်တဲ့အလျောက် ဂျပန်ကနေ ကိုရီးယားဘက်ကို အဆင်ပြေပြေ ပြန်ရောက်လာပါ့မလား ဘယ်လိုတွေ လွဲချော်မလဲဆိုတာကိုတော့ ....