Marrying the mafia 2 မှာ သားကြီးဖြစ်သူကို အိမ်ထောင်ချပေးပြီးတဲ့နောက်မှာ ကျားဖြူဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး ဟုံးဒေါ့ဂျာဟာ ဂန်းစတားအလုပ်ကို စွန့်လွှတ်ပြီး သန့်သန့်ရှင်းရှင်းပဲနေသွားဖို့ဆုံးဖြတ်လိုက်ပါတယ် ။ အဲဒါနဲ့ပဲ သူ့ ကျွမ်းကျင်ရာဖြစ်တဲ့ ဂင်ချီ စားသောက်ကုန် ကုမ္ပဏီ တည်ထောင်ပြီး သူ့လက်ရာဂင်ချီတွေကလည်း အရမ်းရောင်းကောင်းနေခဲ့ပါတယ် ။ ဒီလိုအချိန်မှာပဲ သားကြီး ဂျန်အင်ဂျယ်အပေါ် သွေးကြွေးရှိနေတဲ့ အမှုစစ်ဟောင်း ယွန်းက ထောင်ထဲက ထွက်လာပြီး သူတို့ကို လက်စားချေဖို့ ကြိုးစားပါတော့တယ် ။ သူတို့ မိသားစုကြိုးကြိုးစားစားနဲ့ တည်ထောင်ထားတဲ့ ဂင်ချီလုပ်ငန်းမှာ ဘယ်လိုအဖျက်အနှောင့်တွေ ဝင်လာမလဲ ။ အဲဒီ အခက်အခဲတွေကို ဘယ်လိုကျော်လွှားသွားကြမလဲ ဆိုတာတွေကို “ အမေ့လက်ရာ” ဂင်ချီ လုပ်ငန်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနဲ့အတူ ဟာသနှောပြီး ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် ။