Something Real HD

Something Real

Thriller HD 2026-03-20 8.3 113 Min

လီယိုဟာ အိမ်ထောင်ရေးအဆင်မပြေမှုနဲ့ဘ၀ရဲ့မွန်းကျပ်မှုတွေကြောင့် ထွက်ပေါက်တစ်ခုအနေနဲ့သူ့အပေါ်စာနာနားလည်ပေးနိုင်မယ့် အဖော်တစ်ယောက်ကို အွန်လိုင်းပေါ်ကနေရှာဖွေခဲ့ပါတယ်။ တစ်နေ့တော့app ပေါ်က အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် မျှော်လင့်ထားသလို အချစ်ကမ္ဘာလေးဖြစ်မလာပဲသူ့ဘ၀ဟာတွင်းတစ်ဆုံးကျဖို့အခြေအနေနဲ့ကြုံရပါတော့တယ်။ကားလ်ကတော့ အကျပ်ကိုင်ငွေညှစ်မှုတွေ၊ နောက်ယောင်ခံထောက်လှမ်းမှုတွေကြောင့် ပြစ်ဒဏ်တွေကျခံပြီးပြန်လွတ်လာတဲ့နောက် လိုင်လာ ဆိုတဲ့ဆင်ဂယ်မိခင်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဗီဇစိတ်ကိုမဖျောက်နိုင်တဲ့ ကားလ်ဟာ လိုင်လာရဲ့ သားနဲ့သမီးကို အသုံးချပြီး အွန်လိုင်းဒိတ်တင်လုပ်မယ့်သူတွေကိုရုန်းမရအောင် စနစ်တကျအကျပ်ကိုင်ငွေညှစ်ဖို့အကြံအစည်ကို အကောင်အထည်ဖော်ပါတော့တယ်။ပထမဆုံး သူမိခဲ့တဲ့ သားကောင်ကတော့ လီယိုဖြစ်ပြီး နဂိုကတည်းက စိတ်အခြေမခိုင်၊ ဘ၀ပါယိုင်နဲ့ပျက်စီးချင်နေတဲ့ လီယိုဟာ ကားလ်ရဲ့လက်ချက်နဲ့သူတည်ဆောက်ထားသမျှ အရာတွေပြိုလဲကျသွားတဲ့အချိန်မှာတော့..။ အွန်လိုင်းပေါ်က အချစ်စစ်ကိုရှာဖွေဖို့ကြိုးစားမိရင်း သွေးပျက်စရာ ငရဲတွင်းထဲကျဆင်းသွားတဲ့လီယိုတစ်ယောက်ကားလ်ရဲ့အကျပ်ကိုင်ခြိမ်းခြောက်မှုတွေကြားကနေ လွတ်မြောက်အောင် ဘယ်လိုရုန်းထွက်မလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် ခေတ်ပြိုင် Cyber-Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။