အန်ဂျလီမူတေးဆိုတဲ့ ဘိုးဘွားပိုင်အိမ်ကြီးတစ်လုံး။ ခမ်းနားထည်ဝါပေမဲ့ ဒီအိမ်ထဲမှာ ယောကျာ်းသားတွေပဲ ရှိသတဲ့။ မိသားစုထဲဝင်လာတဲ့ မိန်းမတိုင်းကအဖြစ်ဆိုးတစ်ခုခုကြုံကြတာချည်းဆိုတော့ ဒီအိမ်ထဲက အမျိုးသားတွေကို အိမ်ထောင်ချပေးလို့လည်းမရပေါ့။ ဒီအိမ်ကရယ်လို့သိလိုက်တာနဲ့ကို မိန်းကလေးတွေဘက်ကအကြောက်အကန်ငြင်းကုန်ကြတော့တာပဲ။ ဒါက ဘာကြောင့်လဲပြောရရင် ဒီအိမ်ဆောက်တုန်းက မြွေနတ်စင်တစ်ခုကို ခုတ်လှဲမိရာက စမယ်ပြောရမှာပေါ့ မြွေကျိန်စာမိနေတယ်ဆိုပြီး ရွာထဲမယ်ဂုဏ်သတင်းကလည်း အမွှေးသားရယ်။ ဒီလိုနဲ့ ခေတ်တွေပြောင်းလို့ ကလေးတွေလည်းကြီးလာပြီး အိမ်ထောင်ပြုချိန်ရောက်လာတဲ့အခါ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာရယ်ရယ်မောမောနဲ့ ကြည့်လိုက်ရအောင်......