Badh ရဲ့အမျိုးသားဖြစ်သူ ရဲအရာရှိ အီလီယက်စ်ဟာ ဒေသတွင်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် မန်ဆာ ခူရီရဲ့ သားတွေကို စုံစမ်းစစ်ဆေးနေရင်း ကြောက်မက်ဖွယ်ရာလုပ်ကြံတိုက်ခိုက်မှုတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ် ။ဒီအဖြစ်အပျက်ကြောင့် အီလီယက်စ် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေကို ရောက်သွားတဲ့အခါမှာတော့ သူမဟာ ခင်ပွန်းဖြစ်သူအတွက် ကတိတစ်ခုပေးပြီး သူမရဲ့ စွမ်းရည်တွေကိုပြန်လည်အသက်သွင်းကာ လက်စားချေဖို စတင်ပါတော့တယ်။ ရာဇဝတ်ဂိုဏ်းသားတွေကို တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းရင်း ကြီးမားတဲ့ နိုင်ငံတကာ ထောက်လှမ်းရေးအဖွဲအစည်း (DGSE) နဲ့ နိုင်ငံရေး လျှိဝှက်ချက်တွေကြားထဲကိုပါရောက်ရှိသွားခဲ့ပါတယ် ။ အတိတ်က အမှောင်ထု၊ သစ္စာဖောက်မှုတွေနဲ့ အသက်လုရုန်းကန်ရတဲ့ တိုက်ပွဲတွေကြားမှာ သူမဟာ ခင်ပွန်းဖြစ်သူကို ကာကွယ်ပြီး တရားခံတွေကို ဘယ်လိုအပြစ်ပေးမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။