Battle of Oslo HD

Battle of Oslo

Action History War HD 2025-09-26 6.636 94 Min

ဒီကားက နော်ဝေနိုင်ငံရဲ့ သမိုင်းမှာ အရေးအပါဆုံး အချိန်ကာလတစ်ခုကို အခြေခံပြီး ရိုက်ထားတာပါ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ Oscarsborg ခံတပ်ရဲ့ တပ်မှူးကြီး ဗိုလ်မှူးကြီး Birger Eriksen (သရုပ်ဆောင် Bjørn Sundquist) ပါ။ အသက် ၆၄ နှစ်အရွယ်၊ အငြိမ်းစားယူဖို့ နီးကပ်နေပြီဖြစ်တဲ့ တပ်မှူးကြီးဟာ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့ မနက်စောစောမှာ အော်စလို ရေလက်ကြားထဲကို ဦးတည်ဝင်ရောက်လာတဲ့အမည်မသိ စစ်သင်္ဘောတွေကို တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ သူ့ဆီက စစ်သားတွေကလည်း အတွေ့အကြုံမရှိတဲ့ လူသစ်တွေများသလို၊ လက်နက်တွေကလည်း ခေတ်မမီတော့တဲ့ အဟောင်းတွေဖြစ်နေတယ်။ အထက်ကနေလည်းဘာလုပ်ရမယ်ဆိုတဲ့ အမိန့် တိတိကျကျ မရဘူး။ ဒါပေမဲ့ သူက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး ပစ်ခတ်ဖို့ အမိန့်ပေးလိုက်တယ်။ သူတို့ပစ်လိုက်တဲ့အတွက် ဂျာမန်တို့ရဲ့ နာမည်ကြီးBlücher စစ်သင်္ဘောကြီး နစ်မြုပ်သွားခဲ့တယ်။ဒီကားက အပိုင်းနှစ်ပိုင်း တွဲပြီးသွားထားတယ်။ တစ်ပိုင်းက ၁၉၄၀ ခုနှစ်က ခံတပ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ အကျပ်အတည်းတွေကို ပြထားပြီး၊ နောက်တစ်ပိုင်းကတော့ စစ်ပြီးကာလ ၁၉၄၆ ခုနှစ်မှာ စစ်ခုံရုံးကနေ သူ့ကို ခေါ်ယူစစ်ဆေးတာတွေကိုပြန်ပြထားတယ်။ သင်္ဘောကြီးကို နစ်မြုပ်အောင် လုပ်နိုင်ခဲ့ပေမဲ့၊ ဂျာမန်လေတပ်က အပြင်းအထန် ဗုံးလာကြဲတဲ့အတွက် နောက်ဆုံးမှာ သူက ခံတပ်ကို လက်နက်ချခဲ့ရတယ်။ နိုင်ငံကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းလား၊ ဒါမှမဟုတ် အမိန့်မနာခံဘဲ စောစောစီးစီး လက်နက်ချခဲ့သူလား ဆိုတာကို စစ်ခုံရုံးမှာ ရင်ဆိုင်ဖြေရှင်းရတဲ့ အခန်းတွေက ဒီကားကိုရိုးရိုးအက်ရှင်စစ်ကားတွေထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ Drama/Thriller ဘက်ကိုပါ ရောက်သွားအောင် ဖန်တီးထားတာပါပဲ။