The Magic Lotus Lantern HD

The Magic Lotus Lantern

Fantasy HD 2021-12-29 5 72 Min

ဒီတစ်ခါမှာတော့ နတ်ဘုံ လူ့ဘုံနဲ့ နတ်ဆိုးလောကတို့ ဆက်နွယ်နေတဲ့ fantasy action romance ပေါင်းစပ်ထားတဲ့ရုပ်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါမယ်ကောင်းကင်ဘုံမှာ ကျင်းပတဲ့ မီးအိမ်ပူဇော်ပွဲအတွင်းမှာ အလွန်တန်ခိုးကြီးတဲ့ရတနာကြာပန်းမီးအိမ်အခိုးခံရပြီး နတ်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်ဒီအမှုကြောင့် နတ်တစ်ပိုင်း လူတစ်ပိုင်းဖြစ်တဲ့ ယန်ကျန် (Yang Jian) ကို သံသယနဲ့ ဖမ်းဆီးလိုက်ကြပြီး သူ့ရဲ့ မွေးဖွားမှုနောက်ကွယ်က လျှို့ဝှက်ချက်တွေလည်း တဖြည်းဖြည်းပေါ်လာပါတော့တယ်လူတွေရဲ့ အထင်အမြင်ခွဲခြားမှုကြားမှာ ကြီးပြင်းလာခဲ့တဲ့ ယန်ကျန်ဟာ မိမိရဲ့ မူလအစကို သိချင်စိတ်နဲ့အတူ ရတနာကြာပန်းမီးအိမ်ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့လူ့ဘုံထဲ ဆင်းလာခဲ့ပါတယ်အဲဒီခရီးစဉ်အတွင်း လူသားမိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံပြီး အချစ်ပေါက်ဖွားလာသလို ဘုံခြောက်ဘုံကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ဟွင့်သွင့်နတ်ဆိုးဘုရင်နဲ့လည်း ရင်ဆိုင်ရပါတော့တယ်ယန်ကျန်ဟာ မိမိရဲ့ မွေးဖွားမှုအမှန်တရား ရတနာကြာပန်းမီးအိမ်ရဲ့ စွမ်းအားနဲ့ ကိုယ့်တာဝန်ကြားမှာ ရွေးချယ်ရမဲ့ အခြေအနေထဲ ရောက်သွားပြီး နောက်ဆုံးမှာ အချစ်အတွက်လား… လောကကြီးအတွက်လား ဆိုတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချရပါတော့တယ်ယန်ကျန်တစ်ယောက် ဟွင့်သွင့်နတ်ဆိုးဘုရင်ကို တားဆီးနိုင်မလား ရတနာကြာပန်းမီးအိမ်ကို ပြန်ရနိုင်မလား ယန်ကျန်နဲ့ သူချစ်တဲ့ မိန်းကလေးတို့ရဲ့ အချစ်က ကံကြမ္မာကို ကျော်ဖြတ်နိုင်မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်