Bridgerton ထဲက ဘုရင်မကြီးအဖြစ် လူသိများတဲ့ Golda Rosheuvel နဲ့ ဟာသသရုပ်ဆောင် Nick Frost တို့ပါဝင်ထားတဲ့ Family / Fantasy / Comedy ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ စိတ်အားထက်သန်ပြီး ထူးခြားတဲ့ ပါရမီရှိတဲ့ မိန်းကလေးငယ်တစ်ဦးအကြောင်းပါ။ သူမဟာ ပုံမှန်မဟုတ်တဲ့ ဧရာမဖရုံသီးကြီးတွေကို စိုက်ပျိုးနိုင်စွမ်းရှိတဲ့ "Pumpkingrowing savant" (ဖရုံစိုက်ပါရမီရှင်) လေးတစ်ဦး ဖြစ်ပါတယ်။သူမနေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ဇာတ်ကောင်တွေ၊ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေပါတယ်။ သူမရဲ့ ဒီထူးခြားတဲ့စိုက်ပျိုးရေးပါရမီကနေတစ်ဆင့် ဘဝရဲ့ အနိမ့်အမြင့်အတက်အကျ အခက်အခဲတွေကို ကျော်ဖြတ်မလဲဆိုတာကို ရိုက်ပြထားတဲ့ ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေး ဖြစ်ပါတယ်။