Hokusai's Daughter HD

Hokusai's Daughter

Drama History HD 2025-10-17 7.917 0 Min

"ကမ္ဘာကျော်ဖခင်ရဲ့ အရိပ်အောက်မှာ ပုန်းကွယ်နေခဲ့ရတဲ့ လျှို့ဝှက်ချက်များစွာနဲ့ ပါရမီရှင် အမျိုးသမီးတစ်ယောက်ရဲ့ ဘဝ..."ဂျပန်ရုပ်ရှင်ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် အနုပညာရသအပြည့်နဲ့ Biographical Drama ဇာတ်ကားသစ်လေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားလေးဟာ ဂျပန်နိုင်ငံရဲ့ ရှေ့ဆောင်အမျိုးသမီး ပန်းချီဆရာမတစ်ဦးဖြစ်တဲ့ ကတ်ဆူရှီကာ အိုအေးရဲ့ ဘဝဇာတ်ကြောင်းကို အသက်ဝင်ဝင် ရိုက်ကူးပြသထားတာပါ။The Great Wave လို ကမ္ဘာကျော်ပန်းချီကားတွေကို ဖန်တီးခဲ့တဲ့ ပန်းချီဆရာကြီး ဟိုခုဆိုင်းကို အားလုံးသိကြမှာပါ။ ဒါပေမဲ့ သူ့ရဲ့နာမည်ကျော် ပန်းချီကားတွေနောက်ကွယ်မှာ သမီးဖြစ်သူ အိုအေးရဲ့ လက်ရာတွေ အများကြီးပါဝင်ခဲ့တယ်ဆိုတာကိုရော သိကြပါသလား။သမိုင်းမှာ ဖခင်ဖြစ်သူရဲ့ အရိပ်အောက်မှာပဲ နေခဲ့ရပေမဲ့၊ တကယ်တမ်းမှာတော့ သူဟာ ဖခင်နဲ့တန်းတူ၊ ဒါမှမဟုတ် ဖခင်ထက်တောင် သာလွန်တဲ့ ပါရမီတွေ ပိုင်ဆိုင်ထားသူပါ။ အချစ်ရေး၊မိသားစု အရှုပ်အထွေးတွေနဲ့ သူမရဲ့ ရမ္မက်ပြင်းပြတဲ့ အနုပညာဖန်တီးမှုတွေကြားမှာ မိန်းမသားတစ်ယောက်အနေနဲ့ ဘယ်လို ရုန်းကန်ခဲ့ရလဲဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပါ။ဒီဇာတ်ကားမှာ ဒါရိုက်တာ Tatsushi Ōmori က ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးထားပြီး၊ အဓိကဇာတ်ကောင် အိုအေး နေရာမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချော Masami Nagasawa က အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။Masami Nagasawa ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ အဲဒီခေတ်က ဂျပန်အနုပညာလောကရဲ့ အလှတရားတွေကို သေသေသပ်သပ် ဖန်တီးထားတာမို့လို့ Art Film တွေ၊ BiopicDrama တွေ ကြိုက်တတ်တဲ့ သူတွေအတွက်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါပဲ။