ဂင်ဂျွန်အို (Hwang Jung Min) ဟာ အာမခံကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ချစ်သူကောင်မလေး မီနာ(Kim Seo Hyung)နဲ့အတူ နေ့စဉ်ဘဝကို အဆင်ပြေပြေနဲ့ ဖြတ်သန်းနေသူပါ။တစ်နေ့မှာ သေကြောင်းကြံစည်မှုအတွက် အာမခံငွေရနိုင်သလားဆိုတဲ့ မေးခွန်းနဲ့အတူ ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိလိုက်ရာကနေ ဂျွန်အိုတစ်ယောက် မူမမှန်တဲ့ပြဿနာတွေ ကြုံတွေ့လာရပါတော့တယ်။မလိုအပ်ဘဲ သဘောကောင်းလွန်းနေတဲ့ ဂင်ဂျွန်အိုနဲ့ ထူးဆန်းတဲ့ အိမ်ကြီးမှာနေထိုင်တဲ့ ဂျန်အီဟွာ (Yoo Sun) တို့ ဇနီးမောင်နှံက ဘယ်လိုတွေ ဆက်စပ်မိသွားကြမလဲဆိုတာနဲ့ ဇာတ်လမ်းရဲ့ အဓိကဗီလိန်က ဘယ်သူဆိုတာကို စိတ်ဝင်စားဖွယ်ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါဝင်ပြီး သည်းထိတ်ရင်ဖိုနဲ့စိတ်လှုပ်ရှားစရာကောင်းတာတွေကိုမှ နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။