ဇာတ်လမ်းကတော့ သတင်းထောက်တစ်ယောက်ရဲ့ သမီးငယ်လေး သဲကန္တာရထဲမှာ သဲလွန်စမရှိဘဲ ပျောက်သွားရာကနေ စထားတယ်။ ၈ နှစ်လောက်ကြာတော့ မိသားစုလည်း စိတ်ပျက်လက်ပျက် ဖြစ်နေပြီပေါ့။ ဒါပေမဲ့ တစ်နေ့ကျတော့ အဲဒီကောင်မလေး ရုတ်တရက် ပြန်ရောက်လာတဲ့အတွက် အကုန်လုံး အံ့ဩသွားကြတယ်။တကယ်ဆိုရင် သမီးလေး ပြန်တွေ့တဲ့အတွက် ပျော်စရာ တွေဖြစ်သင့်ပေမဲ့ အဲဒီလို မဟုတ်ဘဲ အိပ်မက်ဆိုးကြီးတစ်ခုလို ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မလဲ၊ သဲကန္တာရထဲမှာ ၈ နှစ်လောက် ဘာတွေကြုံခဲ့ရလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။Horror နဲ့ Mystery ခပ်မိုက်မိုက် ကြိုက်တဲ့သူတွေ သဘောကျမယ့် ကားလေးမို့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။