သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တယ်လို့တင်စားကြတဲ့ ဆယ်ကျော်သက်အရွယ်သမီးရည်းစား သူ့ထက်ငါအပြိုင်ထားပြီး အစမ်းလေ့ကျင့်တတ်ကြတဲ့ လူငယ်ကျောင်းသားဘဝ။ ဒီထဲမှာ ဂျူလီလည်းအပါပေါ့ ။ ရည်းစားမထားဖူးတော့ သူငယ်ချင်းတွေ အတွဲကိုယ်စီကို အားကျမိပေမဲ့ အကြိုက်က မတွေ့နေပြန်ဘူး။ ဖြစ်ချင်တော့ စပိန်နိုင်ငံက လေ့လာရေးဆင်းတဲ့ ကျောင်းသားလေးတစ်ယောက် သူ့အိမ်မှာ တည်းဖို့ အကြောင်းဖန်လာပြီး ကျောင်းကလည်း အစအဆုံး စောင့်ရှောက်ဖို့ ဂျူလီ့ကို တာဝန်ပေးလာပါတယ် ဒီရက် ၂၀ လောက် ခရီးစဉ်အတွင်းမှာ အဆင်စပိန်သားလေးနဲ့ ဂျူလီတို့ ဘာတွေဖြစ်ကြမလဲဆိုတာ အတူစောင်ကိုက်ကြည့်လိုက်ရအောင်လား။