အိုမင်းနွမ်းပါးပြီး အထီးကျန်နေရရှာတဲ့ ဘတ်ဟျောင်းဂျွန်း (Park Geun-Hyung)၊ ဂျန်အူရှစ် (Jang Yong)၊ ဘဲ့ဟွာဂျင်း (Ye Soo-Jung) တို့ သုံးဦးဟာ အမဲသားမုန်လာဥဖြူဟင်းရည်တစ်ခွက်ကို အတူချက်စားဖြစ်ရာကနေ ခင်မင်ရင်းနှီးသွားခဲ့ကြပါတယ်။ အဲဒီလိုကနေ အသားကင်ဆိုင်တွေမှာ ပိုက်ဆံမပေးဘဲ အလကား လှည့်ပတ်စားရဖို့ အကြံထုတ်ဖြစ်သွားကြတဲ့ သူတို့သုံးဦးဟာ ဘဝကြီးက ပြန်လည် အသက်ဝင်လာပြီး ပျော်ရွှင်မှုရဲ့ အရသာကို ခံစားမိခဲ့ပေမဲ့လည်း အဲဒီပျော်ရွှင်မှုက ရေရှည်မခံဘဲ သူတို့ရဲ့ အမှားက ပေါ်ပေါက်သွားတဲ့အခါမှာတော့...အသက်ကြီးမှ ဒုက္ခတွေ့ရတဲ့ အဘိုးအဘွားသုံးဦးက ဒီပြဿနာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမှာလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ရင်တမမနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး။