တစ်ရွာလုံးမှာမှ TVတစ်လုံးပဲရှိခဲ့တဲ့ အဲဒီအချိန်တွေကို မှတ်မိသေးရဲ့လား။ညနေဆိုအလုပ်တွေပြီးအောင်လုပ် ရေမိုးချိုးထမင်းစားပြီး ရွာထဲက TV ရှိတဲ့အိမ်မှာ လူတွေစုပြီး ရုပ်ရှင်ကြည့်ရတဲ့အရသာက အခုခေတ် ကိုယ်ပိုင်ဖုန်းအကောင်းစားကြီးတွေနဲ့အိပ်ယာထဲမှာ တစ်ယောက်တည်းကြည့်ရတဲ့ခံစားချက်ထက် အဆပေါင်းများစွာသာတာပေါ့။အခုခေတ်လို လက်ဖျောက်တစ်ချက်တီးရုံနဲ့ ဖုန်းထဲမှာ အရာအားလုံးကြည့်လို့ရနေတဲ့အချိန်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရွာငယ်လေးတစ်ရွာရဲ့ ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကို ဒီရုပ်ရှင်က ပြန်လည်အသက်သွင်းပေးထားပါတယ်။Thimmarajupalli ဆိုတဲ့ ရွာလေးမှာ ဘယ်အိမ်မှာမှ TVမရှိကြသေးပါဘူး။ ရွာသားတွေအတွက် TVကြည့်ရဖို့ဆိုတာ ပွဲလမ်းသဘင်ရှိတဲ့အခါမျိုးမှသာ TVတစ်လုံးကို ငှားလာရပြီး တစ်ရွာလုံးစုပေါင်းကြည့်ကြရတဲ့ အခြေအနေမျိုးပါ။တစ်နေ့မှာတော့ ရွာသားတစ်ယောက်က သူ့ရဲ့ မင်္ဂလာတင်တောင်းခ (တင်တောင်းငွေ) နဲ့ TVတစ်လုံး ဝယ်ယူခဲ့ပါတယ်။ အဲဒါကြောင့် တစ်ရွာလုံးက လူတွေက သူ့အိမ်မှာပဲ တစ်နေကုန် စုရုံးပြီး TVကြည့်ကြပါတော့တယ်။ ဒီလိုနဲ့ TVတစ်လုံးကြောင့် ရွာထဲမှာ ဘယ်လိုပြဿနာတွေ တသီတတန်းကြီး ဖြစ်လာမလဲဆိုတာနဲ့ တစ်နေ့မှာ အဲဒီTVကြီး ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ.....1990ခုနှစ်ကျော်၀န်းကျင်တွေက TVကြည့်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ငယ်ဘ၀တွေကိုပြန်လည်ခံစားရင်းနဲ့ ကြည့်ရှုလိုက်ကြရအောင်လား ။