ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ကတော့ Hot dog ပို့တဲ့ လူငယ်လေး တစ်ယောက်ပါ။ တစ်ညမှာတော့ သူဟာ မတော်တဆဆိုသလို သူ့ရဲ့ အစ်ကိုဖြစ်သူ (လျှို့ဝှက်အေးဂျင့် - Secret Agent) နဲ့ လူမှားပြီး "Ghost Punchers" လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုထဲကို ရောက်သွားပါတော့တယ်။သူ့ရဲ့ Partner အဖြစ် သတ်မှတ်ပေးခံရတာကလည်း တကယ့်ကို "အိမ်မက်ဆိုး (Literal Nightmare)" လို့ခေါ်တဲ့ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒီလိုနဲ့ Hot dog ပို့တဲ့ကောင်လေးဟာ ကြောက်စိတ်တွေကို ဘေးဖယ်ပြီး သရဲတွေကို လက်သီးနဲ့ထိုး (Ghost Punching) ရင်း၊ သူချစ်ရတဲ့ ကောင်မလေးကို ကယ်တင်ဖို့နဲ့ ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် မဖြစ်နိုင်တာတွေကို ရုန်းကန်ရပုံကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ သရဲတွေ တစ္ဆေတွေ ပါဝင်ပေမဲ့လည်း Action-Comedy/Fantasy ဇာတ်လမ်းတစ်ခုဖြစ်တာကြောင့် ကြောက်စရာမကောင်းဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။