Raktabeej HD

Raktabeej

Action Crime Drama Thriller HD 2023-10-20 8.3 139 Min

အိန္ဒိယဘင်္ဂါလီရုပ်ရှင်လောကရဲ့ နာမည်ကြီး ဒါရိုက်တာအတွဲဖြစ်တဲ့ နန်ဒီတာရွိုင်းနဲ့ ရှီဘိုပရာဆတ်မူခါဂျီတို့ ရိုက်ကူးထားတဲ့ နိုင်ငံရေးအက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။  ဒီရုပ်ရှင်ဟာ ၂၀၁၄ ခုနှစ်က အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဘူရ်ဒဝန် ဗုံးပေါဂာ်ကွဲမှုဖြစ်စဉ်ကို အခြေခံထားတာပါ။အိန္ဒိယသမ္မဝာကြီး အာနီမေ့ရှ် ချာတာဂျီဟာ ဒူဂါပူဂျာပွဲတော်ရက်အတွင်း သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ခိုယာဂါကို အလည်အပတ်ပြန်လာတုန်းမှာ သူရောက်မလာခင်လေးမှာပဲ မြို့အနီးကမီးရှူးမီးပန်းစက်ရုံတစ်ခုမှာ မသင်္ကာဖွယ် ပေါဂာ်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဒီပေါက်ကွဲမှုဟာ သာမန်မတော်တဆမှုမဟုတ်ဘဲ သမ္မတကြီးကို လုပ်ကြံဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ နောက်ကွယ်က အစီအစဉ်တစ်ခုဖြစ်နေတာကို ဗဟိုစုံစမ်းစစ်ဆေးရေးအရာရှိပန်ကပ်ဆင်ဟာနဲ့ နယ်ခံရဲအရာရှိ ဆန်ဂျွတ်တာမီတရာတို့က စတင်သတိထားမိသွားပါတယ်။ သူတို့နှစ်ဦးဟာ အစပိုင်းမှာ အယူအဆမတူဘဲ အားပြိုင်ခဲ့ကြပေမဲ့ သမ္မတကြီးရဲ့အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် အချိန်လုပြီး ပူးပေါင်းစုံစမ်းကြပါတော့တယ်။တစ်ဖက်မှာလည်း အကြမ်းဖက်သမားတွေဟာ ဒေသခံတွေကြားထဲမှာ ရောဝင်ပြီး သွေးမျိုးစေ့တွေလို ပွဲတော်ရက်အတွင်း သွေးချောင်းစီးမယ့် အကြံအစည်တွေကို လုပ်ဆောင်လာတဲ့အခါ...။