Comeback HD

Comeback

Drama HD 2025-02-05 7.8 86 Min

ဒီကားက အေဗာ (Ava) ဆိုတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့ မိဘတွေကြားက ဆက်ဆံရေးကို techno တေးဂီတနောက်ခံနဲ့ ရိုက်ပြထားတာပါ။ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က Ava ပါ။ သူ့မိဘတွေက အရင်တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ Techno DJ လင်မယားပေါ့။ ဒါပေမဲ့ သူတို့ ကွာရှင်းလိုက်ကြတဲ့အခါမှာတော့ Ava က ဖခင်ဖြစ်သူ Dominique နဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ခဲ့ပါတယ်။ဇာတ်လမ်းအစမှာတော့ Ava ရဲ့ အမေဖြစ်သူ Naomi က အနုပညာလောကထဲကို ပြန်ဝင်ဖို့  ကြိုးစားလာပါတယ်။အဲဒီအခါမှာ Ava ဟာ အမေနဲ့အတူ ညဘက်တွေမှာ Club တွေ၊ ပါတီတွေနဲ့ ဆူညံလှတဲ့ Music လောကထဲကို ရောက်သွားရပါတယ်။အမေဖြစ်သူ Naomi ကတော့ ဒီလောကထဲမှာ ပြန်လည်အောင်မြင်ဖို့ ရုန်းကန်နေရသလို၊ တစ်ဖက်မှာလည်း အသက် ၁၄ နှစ်အရွယ် Ava က ဒီလိုဆူညံမှောင်မိုက်တဲ့ ပတ်ဝန်းကျင်ကြားမှာ သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ Identity ကို မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ရုန်းကန်ရတဲ့အကြောင်း ရိုက်ပြထားတာပါ။အေးအေးချမ်းချမ်းနေချင်တဲ့ အဖေနဲ့ ညဘက်တွေမှာ ပျော်ပါးပြီး အောင်မြင်မှုနောက်လိုက်နေတဲ့ အမေ... ဒီနှစ်ယောက်ကြားထဲ ရောက်နေတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို သေချာပုံဖော်ထားပါတယ်။မင်းသမီး Veerle Baetens က အမေဖြစ်သူ Naomi အဖြစ်နဲ့ Minne Koole က အဖေအဖြစ် ပါဝင်ထားပါတယ်။ Techno ဂီတနောက်ခံတွေနဲ့ ရိုက်ချက်တွေက တကယ်ကို ညဘက် club တွေထဲ ရောက်နေသလို ခံစားရစေမှာပါ။မိဘတွေရဲ့ အိပ်မက်တွေ၊ အမှားတွေကြားထဲမှာ မြေစာပင်ဖြစ်ရတဲ့ ကလေးတစ်ယောက်အကြောင်းနဲ့ အောင်မြင်မှုကို ပြန်လည်ရယူချင်တဲ့ အမေတစ်ယောက်ရဲ့ လောဘတွေကို ရိုက်ပြထားတဲ့ Coming-of-age ကားကောင်းလေးပါ။