You, Me & Tuscany HD

You, Me & Tuscany

Comedy Romance HD 2026-04-09 4.9 105 Min

ဘရီယန်နာဆိုတဲ့ကောင်မလေးဟာ အချက်အပြုတ်ဝါသနာပါပြီး စားဖိုမှူးတစ်ယောက် ဖြစ်လာဖို့ အိပ်မက်ရှိသူပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှချင်ရှာတော့ အမေဖြစ်သူက ကင်ဆာရောဂါဖြစ်လာခဲ့ပြီး အမေ့ရောဂါကို ကုရင်းက သူတို့သားအမိခမျာ လုံးပါးပါးသွားခဲ့ပြီး သူမရဲ့အမေကလည်းဆုံးသွားခဲ့ရရှာပါတယ်။ ဒီလိုနဲ့ ဘရီယန်နာက အချက်အပြုတ်ရော စားဖိုမှူးအိပ်မက်ကိုရော စွန့်လွတ်ပြီး အိမ်စောင့်တဲ့အလုပ်ကို လုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမဟာ သူမရဲ့သူငယ်ချင်း အလုပ်လုပ်တဲ့ ဟိုတယ်က ဘားတစ်ခုမှာ သူငယ်ချင်းကို ထိုင်စောင့်ရင်း အီတလီလုပ်ငန်းရှင် လူငယ်တစ်ယောက်နဲ့စကားပြောဖြစ်သွားခဲ့ကြပါတယ်။ အဲဒီအီတလီကောင်လေးက သူ့ဇာတိမြေအကြောင်းကို ဓာတ်ပုံတွေပြရင်း ပြောပြရင်းနဲ့ သူမကို ဘဝကို ဒီတိုင်းရှင်သန်ရုံမဟုတ်ပဲ တကယ်နေထိုင်ကြည့်ဖို့ပြောရာက သူမဟာ အီတလီကို သွားဖို့စိတ်ကူးရသွားတာနဲ့ တစ်ခါတည်း ရှိစုမဲ့စု ငွေလေးနဲ့ ထွက်လာခဲ့ပါတော့တယ်။ သူမ အဲဒီကောင်လေးရဲ့ ဇာတိမြေကိုလည်း ရောက်ရော ပွဲတော်ချိန်နဲ့တိုးလို့ ဟိုတယ်အခန်း လုံးဝရှာမရခဲ့တာနဲ့ အဲဒီအီတလီကောင်လေးရဲ့ အိမ်ကို ရအောင်ရှာပြီး တစ်ညတာ ခိုးအိပ်ခဲ့ပါတယ်။ ဒီတော့ အီတလီရောက် အမေရိကန်သူလေးတစ်ယောက် ငွေလေးတစ်ပဲခြောက်ပြားနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ၊ သူ့ဘဝကိုရော ဘယ်လိုအချိုးအကွေ့ အပြောင်းအလဲတွေဖြစ်လာစေမလဲဆိုတာကို ကြည်နူးဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။