The Optimist HD

The Optimist

Drama HD 2023-10-06 7 102 Min

(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)Avatar ထဲက ဗိုလ်ချုပ်ကြီးအဖြစ် လူသိများတဲ့ မင်းသားကြီး Stephen Lang ဟာ ဒီကားထဲမှာတော့စိတ်ဒဏ်ရာတွေရှိနေတဲ့အဖိုးအိုတစ်ယောက်အဖြစ်ဒုတိယကမ္ဘာစစ်ဖြစ်ရပ်မှန်သမိုင်းကြောင်း ဒရမ်မာမှာ ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ ဟိုလိုကော့စ် (Holocaust) သတ်ဖြတ်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့သူ Herbert Heller (Stephen Lang) အကြောင်းပါ။ သူဟာ အတိတ်က နာကျင်စရာတွေကိုဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်ချက်အဖြစ် နှစ်ပေါင်း ၆၀ ကြာအောင် သိမ်းဆည်းထားခဲ့ပါတယ်။ဒါပေမဲ့ သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ဆယ်ကျော်သက်မိန်းကလေး Abby  နဲ့ ဆုံတွေ့ခဲ့တဲ့အခါမှာတော့ သူတို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့ သံယောဇဉ်တစ်ခုဖြစ်ပေါ်လာပါတော့တယ်။ Herbert ဟာ Abby ကို ကူညီပေးရင်းနဲ့ပဲ သူဖုံးကွယ်ထားခဲ့တဲ့ အတိတ်က အမှန်တရားတွေကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟပြောဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုမျိုး အမှန်တရားကိုရင်ဆိုင်ခြင်းကပဲ သူတို့နှစ်ဦးစလုံးအတွက် စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုနဲ့ မျိုးဆက်နှစ်ခုကြားက စိတ်ဒဏ်ရာတွေကိုဘယ်လို ကုစားသွားမလဲဆိုတာကို အကောင်းဆုံးပုံဖော်ထားပါတယ်။