Truth or Dare HD

Truth or Dare

Horror Thriller Mystery HD 2012-08-05 5.593 95 Min

ဇာတ်လမ်းက သူငယ်ချင်းတစ်စု ပါတီပွဲတစ်ခုမှာ True or Dare ကစားရင်း ဖိလစ် လို့ခေါ်တဲ့ အနိုင်ကျင့်ခံကောင်လေးတစ်ယောက်ကို အရှက်ခွဲရာကနေ စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတကယ်တမ်း သူတို့မသိခဲ့တာက ဖိလစ်ဟာ နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ မျက်နှာဖုံး သူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေတယ်ဆိုတာပါပဲ။လနည်းနည်းကြာပြီနောက်မှာတော့ ဖိလစ်ရဲ့အစ်ကိုဖြစ်သူ ဂျပ်စတင်က အဲ့ဒီသူငယ်ချင်းတစ်စုကိုဖိလစ်ရဲ့မွေးနေ့အတွက်ဆိုပြီး သူတို့အိမ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါကပါတီပွဲတစ်ခုမဟုတ်ပဲ ဖိလစ်ကြုံတွေ့ခဲ့ရတဲ့ အရှက်ရမှုအတွက် ကလဲ့စားချေဖို့ ဂျပ်စတင် ဖန်တီးထားတဲ့ ထောင်ချောက်တစ်ခုပါပဲ။ သူတို့အားလုံးဟာ True or Dare နောက်တစ်ကြိမ်ထပ်ကစားရဖို့ဖြစ်လာခဲ့ပြီး ဒီတစ်ကြိမ်လောင်းကြေးက 'အသက်' ဖြစ်ပါတယ်။ ဒီပွဲကနေ ဘယ်သူအသက်ရှင်ရက်လွတ်မြောက်နိုင်မှာလဲ။ဒီလိုဇာတ်လမ်းမျိုးတွေ အကြိမ်ကြိမ်တွေ့ဖူးပြီးသားဆိုပေမယ့် ဒီဇာတ်ကားကလည်း ဇာတ်လမ်းရဲ့အလှည့်အပြောင်းတွေနဲ့သွေးထွက်သံယိုတွေမှာ အတော်မိုက်ပါတယ်။ ဇာတ်လမ်းရဲ့ Tensionကိုတည်ဆောက်ပုံရယ်၊ ခပ်အေးအေးနဲ့ပဲ ခြောက်ခြားစရာခံစားချက်ကိုထည့်ပေးနိုင်တာတွေက ချီးကျူးစရာပါပဲ။ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။