မိုးမရောက်ခင် နွေရာသီအမှီလေး ဇာတ်ကားတစ်ကားမိတ်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးကတော့ ကျောင်းသားကားဖြစ်ပြီး ဆယ်ကျော်သက်တွေကြားမှာ ဖြစ်တဲ့အချစ်အသီးလေး ပွင့်ဖူးလာတဲ့ပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်....ဒီကားလေးမှာဆိုရင် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ တိတ်တခိုးအချစ်...ချစ်ရတဲ့သူရဲ့ပုံလေးတစ်ပုံရဖို့ ဘယ်လောက်ကြိုးစားခဲ့ရလဲ...ချစ်ရတဲ့သူနဲ့ စကားပြောခွင့်ရချိန်မှာ ပြောချင်တဲ့စကားတွေအစား ဘာမှန်းမသိတာတွေ ပြောမိလို့ နောင်တရရတာတွေ...ချစ်ရတဲ့သူ့ကို ချစ်နေတာကို ဝန်မခံရဲဘဲ လျို့ဝှက်နေရတဲ့ ကောင်မလေးရဲ့ ပုံစံတွေကစလို့...ကံကောင်းလို့ ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူက တစ်ယောက်တည်းဖြစ်လို့ ဖူးစာဆုံရတော့...ပထမဆုံးချစ်ရသူမလို့ အနားမှာအမြဲရှိချင်.. ရှိစေချင်...သူ့အတွက်အရာရာဖြည့်ဆည်းပေးချင်တဲ့အပြင်...ကိုယ့်အိပ်မက်တွေ စိတ်ကူးတွေနဲ့ နောက်ဆုံး မွေးနေ့ဆုတောင်းတွေကအစသူမှသူပဲဖြစ်လောက်တဲ့ထိ အချစ်ရူးခဲ့ရတဲ့ခံစားချက်တွေနဲ့အတူ....ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် သူတို့ဝေးကွာရပြီး...ဖူးစာမှန်ရင် ဘယ်လို ဆုံဆည်းရတယ်ဆိုတာကိုရိုက်ကူးပုံဖော်ထားတာမလို့...ချစ်တယ်ဆိုတဲ့စကားကို ထုတ်မပြောရဲတဲ့ လျို့ဝှက်ချက်ရှိသူတိုင်း ရင်ဘတ်ချင်းနီး နားလည်ခံစားနိုင်မယ့် Summer Blue Hour ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...