ဝီလျံရှိတ်စပီးယားရဲ့ အကျော်ကြားဆုံး ဂန္ထဝင်ပြဇာတ်ကြီးကို ခေတ်သစ်လန်ဒန်မြို့နောက်ခံနဲ့ ရိုက်ကူးထားတဲ့ Psychological Thriller / Drama ကားကြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာအော်စကာဆန်ခါတင်ဝင်မင်းသား Riz Ahmed က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူရဲ့ ဈာပနအတွက် အိမ်ပြန်လာတဲ့ Hamlet အကြောင်းပါ။ သူအိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့ဦးလေး Claudius က သူ့မိခင် Gertrude နဲ့ လက်ထပ်ထားတာကိုတွေ့လိုက်ရပါတယ်။ဖခင်ဖြစ်သူရဲ့ ဝိညာဉ်က သူ့ကိုလာရောက်တွေ့ဆုံပြီး Claudius ဟာ လူသတ်သမားဖြစ်ကြောင်း ဖွင့်ဟလိုက်တဲ့အခါမှာတော့... Hamlet ဟာ ကလဲ့စားချေဖို့နဲ့ သူ့ရဲ့ အတွင်းစိတ်ထဲကသံသယတွေ၊ ရူးသွပ်မှုတွေကြားမှာ လွန်ဆွဲရပါတော့တယ်။ ဒီ ၂၀၂၅ ဗားရှင်းမှာတော့ ခေတ်သစ်လူနေမှုစနစ်၊ အာဏာမက်မောမှုနဲ့ လူမှုရေးပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို ထည့်သွင်းပုံဖော်ထားပြီး Thriller ပုံစံမျိုးနဲ့ တင်ဆက်ထားလို့ မူရင်းပြဇာတ်ကိုမဖတ်ဖူးသူတွေတောင် သဘောကျစေမယ့်ကားမျိုးဖြစ်ပါတယ်။