My Uncle Jens HD

My Uncle Jens

Comedy Drama HD 2025-03-08 7.2 98 Min

နော်ဝေနိုင်ငံရောက် အရှေ့တိုင်းသားတွေရဲ့ မိသားစုယဉ်ကျေးမှု ပဋိပက္ခကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Norwegian Comedy / Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အော်စလိုမြို့မှာ ကျောင်းဆရာအဖြစ် ဘဝကိုအေးအေးဆေးဆေးနဲ့နေထိုင်နေတဲ့ နော်ဝေအခြေစိုက်  Akam အကြောင်းပါ။ တစ်နေ့မှာတော့ သူနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ အီရန်နိုင်ငံက သူ့ဦးလေး Jens တစ်ယောက် မထင်မှတ်ဘဲ ရောက်ရှိလာပါတယ်။Akam က လူမှုရေးအရ ဦးလေးဖြစ်သူကို သူ့အဆောင်မှာ ၂ ညတာ တည်းခိုဖို့ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ အားနာရမှန်းမသိတဲ့ ဦးလေး Jens ကတော့ ၂ ညတင်မကဘဲ Akam ရဲ့ ဘဝထဲကို တဖြည်းဖြည်းဝင်ရောက်လာပြီး အိမ်ပြန်ဖို့ အစီအစဉ်မရှိကြောင်း ပြောလာတဲ့အပြင်သူ့ဘဝရဲ့နောက်ကွယ်မှာ ထွက်ပြေးဖုံးကွယ်လာရတဲ့အတိတ်တွေရှိလာတဲ့အခါမှာတော့ နော်ဝေအစိုးရရဲ့ နယ်နှင်ဒဏ်မပေးခံရအောင် ဦးလေးကို ဘယ်လိုကာကွယ်စွန့်စားသွားမလဲဆိုတာကိုရိုက်ပြထားတဲ့ Cultural Comedy ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။