အာရှ-အမေရိကန် (Asian-American) မိသားစုဘဝက လူငယ်တစ်ယောက်ရဲ့ ရယ်မောစရာကောင်းတဲ့ အိပ်မက်တွေနဲ့ မိသားစုတာဝန်ကြားက ဟာသတွေကို ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့Indie Sports Comedy ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အမြဲတမ်း rapper တစ်ယောက်လိုနေပြီး ကိုယ့်ကိုယ်ကိုယ် ဘတ်စကက်ဘော အကျော်အမော်တစ်ယောက်ဖြစ်မယ်လို့ အိပ်မက်မက်နေတဲ့ Christopher "C-Dub" Wangအကြောင်းပါ။ လက်တွေ့မှာတော့ သူဟာ အလုပ်အကိုင်မယ်မယ်ရရမရှိ၊ အိမ်မှာပဲနေပြီး သူ့အမေရဲ့ ပင်ပေါင်သင်တန်းကျောင်းမှာ ကူညီပေးနေရသူပါ။သူ့ရဲ့ ပင်ပေါင်ချန်ပီယံအကိုဖြစ်သူ နဲ့ အမေဖြစ်သူတို့ မတော်တဆဖြစ်ပြီး ဒဏ်ရာရသွားတဲ့အခါမှာတော့ မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သင်တန်းကျောင်းကို ကယ်တင်ဖို့အတွက် C-Dub တစ်ယောက်သူအထင်သေးခဲ့တဲ့ ပင်ပေါင်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဖြစ်လာပါတော့တယ်။ သူဟာ ဘတ်စကက်ဘောကစားသလိုမျိုး စတိုင်တွေနဲ့ ပင်ပေါင်ကို ဘယ်လိုကစားမလဲ၊ မိသားစုရဲ့ မျှော်လင့်ချက်ကိုရော ပြည့်မီအောင် လုပ်နိုင်မလားဆိုတာကိုမြင်တွေ့ရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။