ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကူးစက်ရောဂါတစ်ခု ပြန့်နှံနေချိန်မှာ အသက်ရှင်ကျန်ရစ်သူတွေကတော့ ဘေးကင်းရာကို အသည်းအသန် ရှာဖွေနေကြရပါတယ်။ဒီလိုအခြေအနေဆိုးကြီးထဲမှာမှ ကူးစက်ခံထားရတဲ့ မိခင်ဖြစ်သူဆီကနေ မွေးဖွားလာခဲ့ပေမဲ့ ရောဂါကူးစက်ခြင်းမရှိတဲ့ "အိုင်လာ" ဆိုတဲ့ ကလေးငယ်လေးတစ်ယောက် ရှိနေပါတယ်။ဒီကလေးငယ်ဟာ ရောဂါဆိုးကြီးကို တားဆီးနိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာနိုင်မလား? ကျန်ရစ်သူတွေကရော ဒီကလေးလေးကို ဘေးကင်းအောင် ဘယ်လိုကာကွယ်ပေးကြမလဲ? ကူးစက်ခံရသူတွေကြားထဲမှာ အသက်ရှင်သန်နိုင်ဖို ရုန်းကန်ရတဲ့ ဖြစ်ရပ်မှန်တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။